(Unicode)
"ကိုကို"
"မင်း လာပြန်ပြီလား"
"သားoffroadကို စကားကောင်းကောင်းပြောဖို့ ငါမင်းကိုဘယ်နှစ်ခါပြောရမလဲ"
"အဖေကလဲ ကျွန်တော်မသိတဲ့သူက ကိုကို ကိုကိုနဲ့ လာခေါ်နေတာကို ဟုတ်ကဲ့ ကလေးလေး လာလေ လာလေလို့ပြောရမှာလား"
"မင်း ငါ့ကိုလာမရွဲ့နဲ့"
"………"
"ကိုကို့အတွက် ကျွန်တော် ပုဇွန်ထုပ်ချက်လာတယ်"
"daouလို့ပဲခေါ်"
"သူပဲ အရင်ကကြ ကိုကို ကိုကိုနဲ့ခေါ်ဖို့ပြောပြီး"
offroadသူတစ်ဦးတည်းကြားရုံမျှအသံတိုးတိုးလေးဖြင့်ပြောလိုက်သည်၊
"ဘာပြောလိုက်တာ"
"daouလို့ခေါ်ရင် ရပြီမလား"
"ရပြီ ပြီးတော့ မင်းနဲ့ငါက စေ့စပ်ထားတယ်ဆိုတာအတည်ကြီးလား"
"မဟုတ်ဘူး နောက်နေတာ"
"ဘာ"
"လက်က လက်စွပ်ကိုကြည့်လိုက် ခင်ဗျားပဲ ကျွန်တော့်ကို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းထားတာလေ ကျွန်တော်က လက်မခံပါဘူးဆိုတာကို ငိုယိုပြီး လက်မခံရင်သေတော့မဲ့အတိုင်းလုပ်ပြလို့ လက်ခံထားတာ မယုံရင် သူရိန် သုတ ဟိန်းခန့်တို့ကိုမေးကြည့်လိုက် ဪ ပြီးတော့ ရှိသေးတယ် ကျွန်တော်စိတ်ကောက်ပြီး ခင်ဗျားကိုနှင်ထုတ်လိုက်တုန်းက အခန်းရှေ့မှာ တစ်ညလုံးထိုင်ပြီးစောင့်နေခဲ့တာလေ ပြီးတော့......"
"တော် တော် မင်းတော်လိုက်တော့"
"ဘာလို့လဲ မေ့နေတာတွေ ပြန်သတိရအောင်လို့လေ"
"မနေ့က ငါမမှတ်မိဘူးဆိုတော့ ငိုယိုပြနေပြီး အခုကြ ငါ့ကိုလာရွဲ့နေတာလား"
"ဘယ်နေရာက ရွဲ့တာပါလို့ အမှန်တရားတွေပဲပြောနေတာ"
"ငါက မင်းကို အဲ့လောက် အောက်ကျို့နေမယ်တဲ့လား ဟာသပဲ မင်းဇာတ်လမ်းထွင်ပြီးပြောနေတာပဲဖြစ်မှာပေါ့"
"ဗိုက်ထဲက ကလေးကသက်သေပဲ"
"မင်း ပေါက်ကရတွေ မပြောစမ်းနဲ့၊ ထားပါတော့ မင်းကလေးမွေးနိုင်တယ်ပဲ ဒါပေမဲ့ ငါ့ကလေးဆိုတဲ့သက်သေက ဘယ်မှာ"

YOU ARE READING
ကိုယ့်အပိုင် (Completed)
RomansaDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်