ရေချိုးခန်းထဲကထွက်လာချိန်မှာ ချီလဲ့က ကျွမ်းရှင်းချွမ်းရဲ့စိတ်ဓာတ်ကျနေသည့်အမူအရာကို တွေးမိတာနဲ့ နည်းနည်းပျော်ရွှင်နေတယ်။
" ငါ အခု အရမ်းထက်မြက်ပြီး လူကောင်းပုံစံဖြစ်နေတယ်မလား"
" ဒါပေါ့ စမတ်ကျတာပေါ့ "
ရှန်ကျိုးသည် အိတ်ကပ်ထဲ လက်ထည့်ထားရင်း လျှာတစ်ချက်သပ်ကာ" ကျွမ်းရှင်းချွမ်းထက်ကို ပိုပြီးစမတ်ကျသေးတယ် "
ချီလဲ့က ခနဲ့သည့်ပုံဖြင့် "အဲလိုဖားတာက အသုံးမဝင်ဘူး "ရှန်ကျိုးက ခပ်မဲ့မဲ့ပြုံးလိုက်လေသည်။
အဲဒီအချိန်မှာ ရှန်ကျိုးက တံခါးဖွင့်ပြီး အခန်းထဲဝင်လာတုန်း ချီလဲ့ရဲ့မျက်လုံးများတွင်ဒေါသငွေ့ တွေ့လိုက်ရသည်။ ဒါပေမယ့် အနီးကပ်ကြည့်လိုက်တော့ သူမှားနေသလား မသေချာဘူး။
" မင်း ဘာလို့ ဖန့်ယိနျန်တုန်းကလိုမျိုး ကျွမ်းရှင်းချွမ်းရဲ့စကားတွေကို ယုံကြည့်ဖို့ မရွေးချယ်ရတာလဲ "ဟု ချီလဲ့မှ စိတ်၀င်တစားမေးလိုက်လေသည်။
ကျွမ်းရှင်းချွမ်နဲ့ သူနဲ့ခင်မင်ရင်းနှီးတဲ့ကာလကိုကြည့်ရင် ရှန်ကျိုးရဲ့အခုလိုတုံ့ပြန်မှုက ကြုံတောင့်ကြုံခဲဖြစ်သည်။
ကျွမ်းရှင်းချွမ်ဟာ ကလေးဘ၀တုန်းက အကြီးတွေရှေ့မှာ ရိုးသားဖြူစင်ပြပြီး အနည်းငယ်ကြီးပြင်းလာစဥ်တွင် အတန်းဖော်တွေရှေ့မှာ ဖြူစင်ပြသဖြင့် လူတိုင်းလိုလို သူ့ကို ယုံကြည်ကြလေသည်။
တကယ်လို့ ချီလဲ့ကသာ သူပုံရိပ်ကောင်းရဖို့အတွက်မကြိုးစားခဲ့ဘူးဆိုရင် ကျွမ်းရှင်းချွမ်းရဲ့ လုပ်ကြံပြောဆိုခြင်းကိုခံရပြီး ယုတ်မာတဲ့ဗီလိန်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။
ကံကောင်းတာက သူက ကြည့်ကောင်းပြီး လူတွေ၏စိတ်၀င်စားမှုကို ဆွဲဆောင်နိုင်သည်။ သူနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ လူတွေက သူ့ကိုနားလည်လာကြသည်။ ဒါကြောင့် ကျွမ်းရှင်းချွမ်းရဲ့လုပ်ကြံပြောဆိုမှု မခံရတာဖြစ်သည်။
ရှန်ကျိုးက တစ်ချက်ကြည့်လိုက်ပြီး" ပြီးခဲ့တဲ့ ၂နှစ်အတွင်း မင်းရဲ့လူကောင်းပုံစံမပြခဲ့ပေမယ့် မင်းက ဒီလိုလူမျိုးပါလို့ ငါပြောနိုင်တုန်းပဲ " လို့ပြောလိုက်တယ်။

ESTÁS LEYENDO
ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူး [Complete]
Romanceချီလဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူသည် သူရဲ့ ပြိုင်ဘက်နှင့် အတူ အိပ်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးတွင် Alpha ရဲ့ဖယ်ရိုမုန်းရနံ့အပြည့်ရှိနေပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော မင်္ဂလာဓာတ်ပုံတစ်ပုံကိုချိတ်ဆွဲထားတယ်။ အိပ်ရာက နိုးလာပြီးနောက် သူ့နဖူးမှ...