အပိုင်း ၃၄၆/ အပိုင္း ၃၄၆

169 17 1
                                    

Unicode

အပိုင်း ၃၄၆ - အနှိုင်းမဲ့အကြောင်းအရင်းနဲ့ မုယွမ်ယောင်

သူမ အခန်းဆီပြန်ပြီးနောက် မုယွမ်ယောင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

နှင်းမြေခွေးက ဘယ်ကမှန်းမသိပေါ်လာပြီး သူမ ခြေထောက်ကို ရစ်ပတ်ခွေလျက် ချစ်စရာကောင်းအောင် ပြုမူနေသည်။

“ကျစ်ကျစ်…”

မုယွမ်ယောင် မျက်လွှာအောက်ချလျက် သူ့ကို ကြည့်ပြီးနောက် မနှစ်မြို့စွာနဲ့ သူ့ခေါင်းကို ဝတ်ရုံနဲ့ ဖုံးလိုက်သည်။

နှင်းမြေခွေးက သားမွေးရုံထဲကနေ အလျင်အမြန် ရုန်းကန်ထွက်လာပြီး သူမဘေးနား ပေါ်လာပြန်သည်။ နှင်းမြေခွေးက သူ့ရဲ့ နားရွက်ကလေးတွေကို အားပါပါနဲ့ ခါလိုက်ပြီး ခေါင်းပေါ်ကအမွေးတွေ ပွရှုပ်လို့နေသည်။ အဲ့ဒီနောက် ခေါင်းမော့ပြီး မုယွမ်ယောင်ကို အူကြောင်ကြားအကြည့်နဲ့ ကြည့်ပြီးနောက် သူမကို ဆက်ပြီး ဝိုင်းပတ်နေသည်။

မုယွမ်ယောင်က ၎င်းကို အချိန်အကြာကြီး ကြည့်နေခဲ့ပြီး နောက်ဆုံးမှာ သူမ ခါးကိုင်းပြီး နှင်းမြေခွေးကို ကောက်ချီကာ ခေါင်းမွေးတွေကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

နှင်းမြေခွေးက သက်တောင့်သက်သာနဲ့ သူ့မျက်လုံးတွေကို မှေးကျဉ်းလျက် မုယွမ်ယောင်လက်ထဲမှာ အမြီးလေးတနံ့နံ့နှင့် အလွန်အမင်း စိတ်ကျေနပ်နေပုံရသည်။

မုယွမ်ယောင်က မြေကြီးပေါ် ပစ်ချထားတဲ့ သားမွေးဝတ်ရုံကို လျစ်လျူရှုလျက် နှင်းမြေခွေးလေးကို လက်ထဲပိုက်ရင်း အိပ်ရာကိုမှီလိုက်သည်။

နှင်းမြေခွေးက အနည်းငယ် စိတ်ရှုပ်ထွေးမိကာ ဘရိုကိတ်စောင်ပေါ်တွင် ခုန်ပေါက်ရင်း သူ့သခင်က ဘာလို့ မအိပ်သေးတာလဲဆိုတာ နားမလည်နိုင်ချေ။

မုယွမ်ယောင် နှင်းမြေခွေးကို ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ သူမလက်ကို ချက်ချင်း မြှောက်ကာ ၎င်းကို ရင်ဘတ်ပေါ် တင်လိုက်သည်။ သူမအရင်ဘဝတုန်းက ကူကယ်ရာမဲ့စွာ ကျင်းဝမ်နောက်ကို ဖိအားပေးလိုက်ခဲ့ရပေမယ့် အချစ်ကြောင့် နာကျင်ရတဲ့သူများစွာကို သူမ တွေ့မြင်ခဲ့ဖူးသည်၊ အထူးသဖြင့် သူမကို ဆေးပညာတွေ သင်ကြားပေးခဲ့တဲ့ အဆိပ်အမျိုးသမီး။ ယင်းအမျိုးသမီးက ချစ်ရတဲ့ယောက်ျားတစ်ယောက်အတွက် သူမမိသားစုကို စွန့်လွှတ်ခဲ့ပြီး သူမဆရာအပေါ် ကျောခိုင်းကာ သူမ ပုံပန်းသွင်ပြင်ကိုတောင် ဖျက်ဆီးပြီး နောက်ဆုံး အဲ့ဒီလူအတွက် လုံးဝမှတ်မိနိုင်စရာမရှိလောက်အောင် ဖြစ်လာခဲ့သည်။

တော်ဝင်မိန်းမပျို၏ သွေးကလဲ့စား (၃)Where stories live. Discover now