အပိုင်း ၃၅၀/ အပိုင္း ၃၅၀

99 14 0
                                    

Unicode

အပိုင်း ၃၅၀ - စုမိသားစုက အပြစ်ကင်းပါတယ်

မုယွမ်ယောင် စုချင်နဲ့အတူ ထမင်းစားပြီးပြီးချင်းမှာပဲ ချီမော့မော့က သတင်းပို့လာသည်။ အကြောင်းသိရပြီးနောက် မုယွမ်ယောင်ရဲ့ နှုတ်ခမ်းစွန်းတွေ ကော့တက်သွားပြီး

“အကြီးဆုံးအဒေါ် ပြောလိုက်တာက အိမ်ရှေ့မှာ ပြဿနာလာရှာနေတဲ့ လူတွေကို ကျွန်မက သွားဖြေရှင်းရမယ်လို့ ဆိုလိုချင်တာလား”

ချီမော့မော့က ခေါင်းညိတ်သည်။

“ဟုတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်မော့မော့နဲ့ လျိုမော့မော့ကို ရိုက်နှက်ဖို့ အမိန့်ပေးတဲ့သူက ဝမ်းကွဲသခင်မလေးပဲလေ။ အကြောင်းအရင်း သေချာမသိရပေမယ့် သခင်တစ်ယောက်ယောက်က သွားမေးကြည့်သင့်ပါတယ်။ စုမိသားစုရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းမှာစိုးရပါတယ်”

မုယွမ်ယောင် မျက်လွှာချကာ ပြုံးလိုက်ပြီး ပျော်ပျော်ကြီး ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုမှတော့ ကျွန်မ တစ်ချက်သွားကြည့်တာပေါ့”

“ဟုတ်ကဲ့၊ ဒါဆို ဒီအစေခံ အကြီးဆုံးသခင်မဆီ အရင်သွားလျှောက်တင်လိုက်ပါဦးမယ်”

“တကူးတက လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချီမော့မော့”

“… ဒီအစေခံ မခံယူဝံ့ပါဘူး”

ချီမော့မော့ ထွက်သွားတဲ့အခါ စုချင်က မျက်မှောင်ကြုတ်ရင်း ပြောသည်။

“ယောင်အာ၊ အဲ့ဒီတုန်းက မင်း သူတို့ကို ပျဉ်ပြားနဲ့ ဆယ်ချက်ပဲရိုက်ခိုင်းခဲ့တာပါ။ ရိုက်တဲ့သူတွေက စစ်ချင်နဲ့ စစ်ချီ။ သူတို့သုံးတဲ့အားကလည်း ဖွဖွလေးရယ် စုမိသားစုကလူတွေ မျက်မြင်သက်သေပဲ။ ဒါကို သူတို့က မင်းအပေါ် လွှဲချချင်နေတယ်?”

“အမေ ဘာမှမစိုးရိမ်ပါနဲ့။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတော့ သမီးသွားကြည့်ကြည့်လိုက်မယ်”

“အင်း ဂရုစိုက်ဦးနော်။ အမေတို့က ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဘူးဆိုပေမယ့် ကိုယ့်ကို ရန်ပြုချင်နေတဲ့သူတွေကိုတော့ သတိထားရမယ်”

တော်ဝင်မိန်းမပျို၏ သွေးကလဲ့စား (၃)Where stories live. Discover now