အဲဒီပန်းချီကားတစ်ချပ်ကို ကျွန်မရပ်ကြည့်နေမိတာ
အချိန်တွေ ဘယ်လောက်ကြာသွားသလဲ မပြောတတ်ပါ။ပန်းချီကားက ဆီဆေးနဲ့ ဆွဲထားသည့် ပြတင်းပေါက်နားမှာ ထိုင်ကာစာဖတ်နေသော အမျိုးသမီး တစ်ယောက်ရဲ့
နောက်ကျောပုံဖြစ်သည်။
ကျွန်မက ဟိုးအရင်ကတည်းက Monika Luniak ရဲ့ ပန်းချီကားတွေကို online မှာရှာကြည့်တတ်ပြီး printed copies တွေဆို ဝယ်ပြီးစုထားတတ်သည်။
ဒါပေမဲ့ အခုလို အပြင်မှာအနီးကပ်မြင်ရတော့ ဆီဆေးပန်းချီဟာ ပိုပြီး အသက်ဝင်သယောင် ထင်ရသည်။ပန်းချီထဲက အမျိုးသမီးဟာ ခပ်ဝေးဝေးကို ငေးမောနေပုံရသည်။ နောက်ကျောပုံဖြစ်၍ မျက်နှာလည်းမမြင်ရသလို၊ မျက်နှာအမူအရာ၊ အကြည့်စသည်တို့ကိုလည်း မမြင်ရ။
သို့သော် အဲသည်လို ပန်းချီထဲက လူများ၏နောက်ကျောပုံကို ငေးကာ စိတ်ထဲမှာ တွေးခေါ်မှန်းဆ ကြည့်ရတာကို ကျွန်မပို၍ သဘောကျတတ်သည်။ဖြစ်နိုင်တာကတော့ ကျွန်မက အရင်ကတည်းက အဲသည်လို ခန့်မှန်းရခက်ပြီး တဖြည်းဖြည်း စူးစမ်းလေ့လာရသည့်
ဇာတ်ကောင် character မျိုးတွေကို စိတ်ဝင်စားတတ်၍ဖြစ်ပါလိမ့်မည်။
ကျွန်မဘဝမှာ ရွှင်လန်းတက်ကြွစွာနဲ့ အလွယ်တကူ
အကဲဖြတ်လို့ရတတ်တဲ့ ဇာတ်ကောင်တွေ၊ လူတွေကို
များများစားစား စိတ်မဝင်စားဖူးပါ။သို့သော် အဲဒီကောက်ချက်က မှားနေကြောင်း ကျွန်မ မကြာခင်မှာတင် သဘောပေါက်ခဲ့ရသည်။
ပန်းချီကားကိုကြည့်ပြီး ပြန်အလှည့် ကျွန်မအနောက်မှ တစ်စုံတစ်ယောက်ကို တိုက်မိတော့မလို ဖြစ်သွားသည်။
မျက်လုံးထဲမှာ ဖြတ်ခနဲ မြင်လိုက်ရသည်က လတ်ဆတ်လွန်းတဲ့ အပြုံးတစ်စုံဖြစ်၏။
နှုတ်ခမ်းများသာမက မျက်လုံးများကပါ ရေးတေးတေး ပြုံးနေကြသည်ထင်မိသည်။
သို့သော် ထို အပြုံးမျက်လုံးများကို သေချာမကြည့်မိခင်မှာ
ပင် ကျွန်မကို တစ်စုံတစ်ခုက ဆွဲဆောင်သွား၏။
ထိုအမျိုးသမီးက နှုတ်ခမ်းခပ်ပါးပါးပေါ်တွင် အနီရင့်ရောင် နှုတ်ခမ်းနီကို ဆိုးထားသည်။
ကျွန်မကို ဖြတ်ခနဲပြုံးပြလိုက်သော အပြုံးမှာတင်
ကျွန်မဆီက တစ်စုံတစ်ခုကို ရုတ်တရက်ဆွဲယူသွားသလို ခံစားလိုက်ရ၏။
YOU ARE READING
ပန်းနုရောင် မှတ်ဉာဏ်များသို့✨
Romanceသက်တန့်ရောင် စိတ်ကူးယဉ်လွင့်မြောရာ အတွေးတွေနဲ့ စာစီထားတဲ့ ဝတ္ထုတိုအချို့ပါပဲ။