ဒီနေ့က ကျနော် မျှော်နေခဲ့ရတဲ့ရက်ပါ။ မျှော်ဆို လိုင်းပေါ်ကနေတဆင့် သိလာခဲ့ပြီး တစ်လလောက် ညတိုင်းလိုလို စကားပြောလာခဲ့တဲ့ကောင်မလေးတစ်ယောက် ကျနော့်ဆီကို လာလည်မယ့်နေ့မလို့လေ။ ကျနော့်ဆီကိုဆိုတာ မန္တလေးပေါ့။ သူက ရန်ကုန်ကလေ။
ဘာလို့ ယောက်ျားလေးဖြစ်တဲ့မင်းက သွားမတွေ့လဲဟုတ်လား။ ဒီလိုပါပဲဗျာ .. လိုင်းပေါ်ကနေ မထိခလုတ် ထိခလုတ်လေးတွေလောက်ပဲ ပြောပြီး အသားယူရဲသေးတဲ့အခြေအနေဆိုတော့ "ကိုကြီး ယိမ်းဆီ လာနေပြီ" ဆိုပြီး ဇွတ်သွားလုပ်လိုက်ရင် ဟာ နွားသိုးကြိုးပြတ်နဲ့ ဘာကောင်ကြီးလဲဆိုပြီး လန်သွားမှာစိုးလို့။ ကိုယ့်အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် သူ့အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် သူ့မြို့ကိုယ့်မြို့ ရောက်ဖြစ်လို့ လမ်းကြုံသဘောမျိုး တွေ့ရတာမျိုးက ရုပ်သိပ်မပေါက်ဘူးမလို့ အဲ့လိုအခွင့်အရေးကိုပဲ စောင့်နေရတာ။ ကံကောင်းချင်တော့ အခု သူ့ကိစ္စလေးတစ်ခုနဲ့ မန်းလေးကို လာစရာရှိတယ်ဆိုတော့ ကျနော်လည်း ဖိုးကြိုင်းတုတ်ဖြစ်သွားရတာပေါ့။ ဟုတ်တယ်လေ သူ့နာမည်က ယိမ်း။ ယင်းနဲ့ ယိမ်းကြားက အသံထွက်လေး။ ထားပါ ... အဲ့"ကြား"ထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ "ကြား"အကြောင်းပဲ ပြောတော့မယ်။
ညကားစီးလာတဲ့ ယိမ်းကို ကားဝင်းမှာ သွားကြိုတော့ ယိမ်းရယ်လေ .. ဘောင်းဘီရှည်လေး တီရှပ်နဲ့ အပေါ်ဝတ်လေးလောက်နဲ့ပဲတောင် လှနေလိုက်တာ။ Luggage လေးကို ဆွဲထားရသေးတယ် သူ့မှာ။ ကိုယ့်လူတို့ သိပါတယ် ၊ မိန်းကလေးတစ်ယောက်ရဲ့ အိပ်ယာထကာစ ရှင်းသန့်ပြီးကြည်နေတဲ့အလှကို ကျနော်တို့ယောက်ျားတွေ ဘယ်လိုရင်ခုန်တတ်ကြတယ်ဆိုတာ။ ကျနော်ကတော့ ကံကောင်းပြီး ယိမ်းကို ပထမဆုံးစတွေ့တဲ့အချိန်မှာတောင် အဲ့လိုလေး မြင်ခွင့်ရခဲ့တယ်။ ကားပေါ်မှာ အိပ်ထားရတာဆိုတော့ နည်းနည်းတော့ နွမ်းနွမ်းနယ်နယ်ဖြစ်နေတယ်ဆိုပေမယ့် အဲ့ဒါက ယိမ်းရဲ့ အကြည်ဓာတ်လေးကို ဘယ်လောက် လျော့ပါးအောင် လုပ်နိုင်မှာမလို့လဲ။
"ယိမ်း လှလိုက်တာ ... အိပ်ရေးရော ဝရဲ့လား ။ Luggage လေး ပေးလေ ၊ ကိုကြီးသယ်ခဲ့မယ်"