လေ့ကျင့်ရေးကာလပြီးတော့ တပ်သားတွေလည်းအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အားတဲ့အချိန်လေးမှာ ရိပေါ်ရဲ့အလုပ်က ရှောင်းကျန့်နှင့်တွေ့ဖို့ပါပဲ။ အခုက အရင်လိုမဟုတ်ပဲ နန်းတော်အပြင်မှာ ချိန်းတွေ့ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေသည်။ ရိပေါ်၏ပုံစံက ဆယ်ကျော်သက်လေးအတိုင်းပင်။ အိမ်မှာရှိတဲ့ အကောင်းဆုံးဝတ်စုံကို ဝတ်စားလာသည်။ အပြာရင့်ရောင်ပိုးသားဝတ်စုံက သူ့အသားရည်နှင့်လိုက်ဖက်ရုံသာမက အထက်တန်းစားတစ်ယောက်ဖြစ်ကြောင်းပေါ်လွင်နေ၏။
"ဝမ်..."
အသံကြားရာကိုလှည့်ကြည့်လိုက်ရာ ရိပေါ်မျက်ဝန်းလေးတွေ လခြမ်းလေးလိုကွေးညွတ်သွားသည်။သူ့အရှေ့ကအလှလေးကို ကြည့်မဝစွာငေးကြည့်နေတုန်း
"စစ်သူကြီးဝမ် ဒီနေ့အရမ်းခန့်ညားတာပဲ။"
"မင်းရောပဲ အရမ်းလှတယ်။"
ရှောင်းကျန့်ဝတ်စုံမှာ မိန်းကလေးဝတ်စုံဖြစ်ပြီး အပြာနုရောင်ဖြစ်သည်။ ဦးထုတ်ဝိုင်းကြီးမှာ ပုဝါကာထားတော့ သူ့မျက်နှာလေးကိုသေချာမမြင်ရပေမယ့် အလှပြင်ထားတာကိုတော့ သတိထားမိသည်။ အပြင်ထွက်မှာမို့ တမင်မိန်းကလေးအဝတ်စားဝတ်စေတာဖြစ်ပြီး စစ်သူကြီးကိုယ်တိုင်ဝယ်ပေးထားတာဖြစ်သည်။
တစ်ယောက်ကိုတစ်ယောက်ကြည့်မဝစွာငေးရင်း တစ်ယောက်လက်တစ်ယောက်ဆွဲပြီး ထွက်လာခဲ့ကြသည်။
"ဘာလို့ဒီနေရာလဲ။"
အခုရောက်နေသည့် နေရာလေးက သစ်ပင်ကြီးတစ်ပင်အောက်ဖြစ်ပြီး မလှမ်းမကမ်းတွင် လယ်လုပ်သမားများရှိသည်။ ခပ်ဝေးဝေးမှာ ဆော့နေသည့် ကလေးတွေကိုလည်းမြင်ရပြီး ဈေးတန်းကိုလည်း မြင်နေရသည်။
"ကိုယ် မင်းနဲ့ အရမ်းတိတ်ဆိတ်တဲ့နေရာတွေမှာနေလို့မရဘူး။"
"ဟင် ဘာလို့လဲ။"
ရှောင်းကျန့်ကပြုံးတုံ့တုံ့နှင့် လှလှလေးမော့ကြည့်ပြီးမေးလာသည်။
"ကိုယ်မင်းနဲ့တွေ့ရင် မကောင်းတာလုပ်ဖို့ပဲတွေးနေမိတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် နှာဘူးတစ်ယောက်လို့ခံစားရတယ်။"
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။