အခန်း(၉) ရာဇဝတ်ကောင်က သူမကို စိတ်ကြွဆေးတိုက်

3.4K 43 1
                                    


"ဒီ မိန်းမတွေက ကင်းမန်ကနေ ဒီအပတ်မှ ပို့ထားတဲ့ အသစ်လေးတွေပဲ
အားလုံးက အသန့်လေးတွေ!"

ဦးဆောင်တဲ့သူက ရှင်းပြလိုက်သည်။

Suit ဝတ်ထားတဲ့ လူတွေထဲကတစ်ယောက်သည် မိန်းကလေးတွေကို ကြည့်ရင်း ကျုန်းယဲ့ကို လက်ညှိုးထိုးလိုက်သည်။

"ဒီမိန်းမကို ငါယူမယ် "

ကျုန်းယဲ့ ခေါင်းမော့လိုက်ပြီး ထိုလူကိုကြည့်လိုက်သည်။သူ့ရဲ့မျက်လုံးများကို ပြူးထားပြီး သူမကိုစိုက်ကြည့်နေသည်။ သူက ကျောက်ချင်းပဲ!!! ကျုန်းယဲ့ အရင်တုန်းက သူ့ကို တွေ့ဖူးသည်။

လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူမရဲ့အကိုမွေးနေ့မှာတွေ့ဖူးတာဖြစ်သည်။ ထိုလူနဲ့ သူမအကို သည် သူငယ်ချင်းများဖြစ်ကြသည်။

အဲ့တုန်းက ထိုလူ သူမကို လိုက်နှောက်ယှက်ခဲ့တာလေ!ချီး ဒီနှစ် တော်တော်ကံဆိုးတဲ့ နှစ်ပဲ..သူမရဲ့အကိုကို night club မှာတွေ့ခဲ့ပြီး အသိကို ကာစီနိုမှာ ထပ်တွေ့ပြန်တယ် !

ကျောက်မိသားစုသည် ခိုင်မာတဲ့ ကျောထောက်နောက်ခံရှိပြီး ထိုလူကိုဘယ်သူဆိုတာအပြင်လူများကမသိကြပေ။

ကျောင်းချင်းက တရားမဝင်စီးပွားရေးလုပ်ရဲတာလဲ မဆန်းပါဘူး!!

"မစ္စတာ ကျောက်အမြင်အရမ်းရှိတာပဲ  ဒီကောင်မလေးက ရိုးရိုး အတန်းထဲကမဟုတ်ဘူး ပထမတန်းထဲကပါ..အရေးကြီးဆုံးက သူမကအခြားကောင်မလေးတွေနဲ့ မတူပဲ တမူထူးခြားတာပဲ..သူမဒီညတော့ အရမ်းကံကောင်းပြီ"

အခြားသူများကလဲ ကျောက်ချင်းကို ချီးကျူးကြသည်။

ကျောက်ချင်း ဘာမှမပြောပဲ ကျုန်းယဲ့ကို ခေါ်ပြီး အခြားအခန်းကို သွားခဲ့သည်။

"ကျုန်းယဲ့ ငါမင်းကို ပြာကျအောင် လုပ်ပစ်မယ် ! မင်းတို့ ကျုန်းမိသားစု ဒေဝါလီခံလိုက်ရလို့လား? ပိုက်ဆံရှာဖို့ မင်းခန္ဓာကိုယ် ကိုတောင်ရောင်းစားရလား??"

ကျောက်ချင်းသည် သူမရဲ့ မျက်နှာကိုပွတ်သပ်လိုက်ပြီး ညစ်ကျယ်သော အပြုံးနဲ့ပြုံးလိုက်သည်။

"ဦးလေး..ရှင်လူမှားနေပြီ..ကျွန်မနာမည်က ကျုန်းယဲ့မဟုတ်ဘူး ကျွန်မက ကင်းမန်က ပျော်တော်ဆက်မင်းသမီးလေးဆွေးဟွားပါ "

ရဲအရာရှိဦးလေးကြီးကို မြူဆွယ်ဖျားယောင်းမယ်🔞(Paid Complete)Where stories live. Discover now