အခန်း(၁၄) ရှီဆွေးက သူမရဲ့ အတွင်းခံနဲ့ အာသာဖြေ

3.4K 63 0
                                    

သူမအတွင်းခံဝတ်ပြီးတော့ ဘောင်းဘီရှည်ကို ဝတ်လိုက်ပြီး ဆွယ်တာနဲ့  အနွေးထည်အထူကြီးကို ထပ်ဝတ်ပြီးနောက် လည်စည်းကို ပတ်လိုက်သည်။

သူမဒီလောက်များတဲ့ အဝတ်ကို မဝတ်တာ အရမ်းကို ကြာခဲ့ပြီ...အရမ်းထူလွန်းလို့ နေရခက်ပေမဲ့ အရည်သွေး ကောင်းပြီးနဲ့ စတိုင်မိမိုက်နေသည်။

ဦးရဲ့ အကြိုက်ကတော့ အရမ်းရှေးဆန်တာပဲ!
သူမ taxi ငှားပြီးနောက် အိမ်ကိုရောက်လာခဲ့သည်။

ကျုန်းယဲ့အိမ် ဗီလာသည် တောင်ကုန်းပေါ်တွင် ဆောက်ထားသည်။ သူမတို့ခြံဝန်းသည် ဧက ရာချီကျော်သည်။

ဗီလာထက်  ရဲတိုက်နဲ့ ပိုတူနေသည်။

ဥယျာဉ် ဘောလုံးကွင်း ရေချိုးကန်စတဲ့ အပန်းဖြေစရာ နေရာများလည်းရှိနေသည်။

ဂိတ်ကို ဖြတ်လာပြီးနောက် သူမ အိမ်ရဲ့ အဓိကတံခါးဂိတ်ကို ရောက်ဖို့  မိနစ်အနည်းငယ်မောင်းသွားရသည်။

"အို...တောင်းပန်ပါတယ် ကျွန်မပိုက်ဆံနဲ့ လက်ကိုင်ဖုန်းယူလာဖို့မေ့သွားတယ် ! ကျွန်မအိမ်ထဲဝင်ပြီး ပိုက်ဆံဝင်ယူအုံးမယ်"

"မိန်းမငယ်လေး ..မင်းငါ့ကို လိမ်ဖို့မကြိုးစားနဲ့..မြို့ကနေ ဒီအထိမောင်းပို့ခိုင်းတာ၂ နာရီလောက်ကြာတယ်  ယွမ်၂၀၀ လောက်ကျတယ် . မင်းအခုပိုက်ဆံမပေးရင် ကားပေါ်က ဆင်းခွင့်ပြုမှာမဟုတ်ဘူး!!"

ဒရိုက်ဘာသည် ကျုန်းယဲ့ အဝတ်ကိုဆွဲလိုက်သည်။ထိုအခိုက်တန့်တွက် အနီရောင် bank စာရွက်များ ဒရိုက်ဘာရဲ့လက်ထဲကို ရောက်ရှိလာသည်။

"ကျေးဇူးပဲ အကိုကြီး ကျွန့်တော့်ညီမကို အိမ်လိုက်ပို့ပေးတဲ့ အတွက် taxi ခပါ"

အသံလာရာကိုကြည့်လိုက်တော့ အနက်ရောင် suit ကိုဝတ်ထားပြီး ရွှေရောင် မျက်မှန်တပ်ထားတဲ့ လူငယ်တစ်ယောက်ဘေးတွင် ရပ်နေသည်။

ကောင်လေးရဲ့ မျက်နှာထက်ကအပြုံးသည် အကြင်နာတတ်ဆုံး အဖြူစင်
ဆုံးဖြစ်သော မင်းသားတစ်ပါးလိုပင်။

ဒရိုက်ဘာသည် ယွမ်တစ်ထောင်လောက်ရှိတဲ့ ချက်လက်မှတ်ကို ပြုံးပျော်နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။

ရဲအရာရှိဦးလေးကြီးကို မြူဆွယ်ဖျားယောင်းမယ်🔞(Paid Complete)Where stories live. Discover now