နောက်နေ့မနက် ညီလာခံမစခင် ဝမ်ရိပေါ်က မင်းသားကြီးကိုစကားလာပြောရန်အစပြုသည်။ ဝမ်ရိပေါ်က တစ်ညလုံးစကားတွေကိုစီထားပုံရပြီး ပြတ်ပြတ်သားသားပြောရန်အဆင်သင့်ဖြစ်နေ၏။ မင်းသားကြီးတစ်ချက်ပြုံးသည်။ တောင်းဆိုမှုကိုငြင်းတာမျိုးတော့ ရိပေါ်လုပ်မည်မဟုတ်ဟု အပိုင်တွေးထားသည်။ ရိပေါ် ကိုမင်းသားကြီးက လှောင်ပြုံးပြုံးပြီးကြည့်နေသည်။
" မင်းသားကြီး အဲ့ဒီ တောင်းဆိုမှုက ကျွန်တော့်ကို အကြပ်တည်းဖြစ်စေရုံသက်သက်ပဲ ရမှာပါ ။"
"စစ်သူကြီးဖက်က လုပ်ပေးနိုင်လားမလုပ်နိုင်တာလား။"
"ကျွန်တော့်ချစ်သူကို ကာကွယ်ဖို့တော့ဘာမဆိုလုပ်နိုင်ပါတယ်။"
"ဟား....ငါ့ရှေ့မှာတောင်ဒီစကားကို....ခမည်းတော်သာကြားရင်...."
"ကျွန်တော့်ကမင်းသားကြီးဖက်က ရပ်တည်လို့ အားလုံးရဲ့ အမြင်စောင်းခြင်းကိုခံရမယ်။ အကြည်ညိုပျက်မယ်။ အဲ့လောက်ပါပဲ။"
"အဲ့လောက်ပဲတဲ့လား။ အဲ့တာစစ်သူကြီးရဲ့ အရေးကြီးဆုံး ဂုဏ်ပုဒ်မဟုတ်လား။"
"မင်းသားကြီးကျေနပ်တယ်ဆိုရင်တော့ တော်ပါသေးတယ်။ ဒါပေမယ့် မိဖုရားခေါင်ကြီးရဲ့သားတော်ဖြစ်တဲ့ မင်းသား ၂ ကိုတော့ သာမာန် အမျိုးသမီးမိဖုရားရဲ့သား ဖြစ်သူကယှဉ်ပြိုင်ဖို့က ရာခိုင်နှုန်းနဲပါတယ်။"
"ဘာ...မင်း....."
ထိုစဉ် သူတို့နားမှ မင်းသား၂ ကဖြတ်သွားရင်း ကြည့်လာတော့ မင်းသားကြီး စိတ်လျှော့လိုက်သည်။ ရှောင်းကျန့်ကိုလာထိမှာဝမ်ရိပေါ်မကြောက်ပေ။ အဓိပ္ပါယ်မရှိ၊ နှစ်ဦးနှစ်ဖက်အကျိုးမရှိတာကို မင်းသားကြီးက ဘယ်တော့မှ လုပ်မှာမဟုတ်တာကိုယုံကြည်လို့ဖြစ်သည်။
________
ညီလာခံစတော့ အရင်ဆုံးတိုင်းရေးပြည်ရေးဆွေးနွေးကြသည်။ အရမ်းအရေးကြီးသည့် အခြေနေမှာရှိနေ၏။ အဓိက စုန့်နိုင်ငံနှင့်ချစ်ကြည်ရေးမယူချင်ကြတာဖြစ်သည်။ စစ် ထီးနန်းလွှဲပြီး ဆွေးနွေးညှိနှိုင်းတာမျိုးလုပ်ပေးရင် စစ်ပွဲကိုငြိမ်းစေပေမယ့် စုန့်မင်းကြီးကလုံးဝလက်မခံပဲ စစ်ထိုးဖို့ကိုသာ အားသန်နေသည်။ အားလုံးကလည်း စစ်ကိုမလိုလားပေမယ့် မင်းကြီးကိုဘယ်လိုမှလွန်ဆန်မရပေ။ မင်းကြီး၏အခိုင်မာသစ္စာခံတွေက အင်အားကြီးလှသည်။ စုန့်မင်းကြီးက ချစ်ကြည်ရေးနိုင်ငံမှ နာမည်ကြီးမိန်းမပျိုလေးတွေကိုတောင်းဆိုလေ့ရှိသည်။ စီးပွားရေးတွေမှာလည်း တောင်းဆိုတာထက်ခြိမ်းခြောက်ရာ ရောက်နေသည်။ နောက်ဆုံး ယန်တိုင်းပြည်ကို ချစ်ကြည်ရေးတိုင်းပြည်တွေက စစ်ကူပေးပြီး စစ်ကိုဖန်တီးလာကြတာဖြစ်သည်။
YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။