အပိုင်း ၁ - ရွှေလက်ချောင်း

210 23 3
                                    


"ဟင်း...ပူပူစပ်စပ် သိုးသားဟော့ပေါ့လေး စားချင်လိုက်တာ"

အောက်ခြေဆီမှ ကျောက်စရစ်ခဲလေးများကို တစ်လုံးချင်း ရေတွက်နိုင်သည်အထိ ကြည်လင်အေးမြလှသော မြစ်ငယ်တစ်စင်း၏ ဘေး၌ ခြေပစ်လက်ပစ်ထိုင်နေသော လူငယ်လေးတစ်ယောက်ဆီမှ ထွက်ပေါ်လာသော စကားသံ ဖြစ်သည်။

ထိုသူမှာကား အခြားမဟုတ်...ဇာတ်လိုက်ကျော်ကြီး ပိုင်လျို တစ်ဖြစ်လဲ ပိုင်လျန်ဟွားပေတည်း။

ပိုင်လျို ဤနေရာသို့ ရောက်ရှိလာသည်မှာ သုံးရက်ပြည့်ပြီ ဖြစ်သည်။ လူကိုယ်တိုင် ရောက်ရှိလာခြင်း မဟုတ်ဘဲ သူ ဖတ်ဖူးသည့် "ကြာရွက်သုံးရွက်နှင့် ကြာပန်းဖြူ" ဇာတ်လမ်းထဲမှ ပိုင်လျန်ဟွားအဖြစ်သို့ ကူးပြောင်းခဲ့ရခြင်း ဖြစ်သည်။

ဘုရားစူး သူတကယ်ကို ဘာ မတော်တဆမှ မဖြစ်ခဲ့ရပါချေ။ ဆေးလည်း မှားမသောက်သလို၊ ကားလည်း မတိုက်မိခဲ့ပါ။ မိုးကြိုးပစ်တာလည်း မခံခဲ့ရသလို ယုတ်စွအဆုံး ဆူးပင် မစူးခဲ့ပါပေ။ သို့ဖြစ်ပါသော်ငြား အိပ်ရာမှ နိုးနိုးချင်း ဤကမ္ဘာသို့ ရောက်ရှိနေသည်ကို လက်မခံနိုင်စဖွယ် တွေ့လိုက်ရ၏။

တကယ်ကိုပဲ...ပိုင်လျန်ဟွား မဟုတ်ဘဲ တခြား တစ်ယောက်ယောက် ကိုယ်ထဲပဲ ကူးပြောင်းလိုက်ပါတော့လား။ အသန့်ကြိုက် ဇီဇာကြောင်တဲ့ ဆန်ကုန်မြေလေး နံပါတ်တစ် ကျီသခင်လေး(ကျီစစ်ယွဲ့)ပဲ ဖြစ်ဖြစ်၊ မြေခွေးလို လှည့်ဖျားတတ်လွန်းတဲ့ ဆန်ကုန်မြေလေး နံပါတ် ၂ မုသခင်လေး(မုဟွမ်)ပဲ ဖြစ်ဖြစ် အဲ့ တစ်ကောင်ကောင်ပဲ ဖြစ်လိုက်ချင်တော့တယ်!

သုံးယောက်မြောက် ဆန်ကုန်မြေလေး ယဲ့ဟန် တော့ ပိုင်လျို မဖြစ်ချင်ပါပေ။ ထိုသူကား တစ်ကိုယ်လုံး ဆိုးယုတ်ရက်စက်မှုများဖြင့် ပြည့်နှက်နေသည့် အရူးကောင် ဖြစ်သည့်အပြင် ဘီးတပ်ကုလားထိုင်ပေါ်တွင် ဘဝတစ်လျှောက်လုံး ထိုင်ရမည့်သူလည်း ဖြစ်သည်။

ခုတော့ ကောင်းရော...ပိုင်လျန်ဟွား အဖြစ်ကို ကူးပြောင်းရတယ်တဲ့လို့။

သူ ခါးခါးသီးသီး ဖြစ်နေရခြင်းမှာလည်း အကြောင်းရှိ၏။ သူရောက်လာသည့် ဝတ္ထုမှာ ရိုးရိုးကြာပန်းဖြူဇာတ်လမ်းမဟုတ်ပါချေ။ ခွေးသွေးများ ပက်ဖြန်းထားသည့် ငါကမင်းကိုကြိုက်တယ် မင်းက ငါ့ကိုမကြိုက်ဘူး စသည့်ဖြင့် ဓားနှင့် ပတ်ထိုးနေသည့် ဝတ္ထု ဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ သူ ဝင်ရောက်ကူးပြောင်းထားသော ပိုင်လျန်ဟွားသည် ဆန်ကုန်မြေလေး ငါးဆားနူ ဇာတ်လိုက်သုံးကောင်၏ ကစားစရာ ကြာဖြူလေးပင် ဖြစ်တော့သည်။

ကြာဖြူလေးအဖြစ် ကူးပြောင်းသွားခြင်းWhere stories live. Discover now