22

325 23 2
                                    

Uni

တပတ်အကြာ ပိတ်ရက်တရက်တွင် Offroad Daouရဲ့ ခေါ်ဆောင်မှုနှင့်အတူ ထိုလူနေထိုင်ရာ
နေရာတခုဆီရောက်လာခဲ့လေသည်။ ရိုးရိုးရှင်းရှင်း
တထပ်အိမ်လေးနဲ့ ခြံကျယ်ကျယ်ဝန်းဝန်းဝယ် သစ်ပင်ရိပ်တို့ ပြည့်နှက်‌နေသည်မို့ အေးချမ်းတိတ်ဆိတ်မဲ့ပုံပေါ်လေသည်။

"လာလေ Road "

Daou အိမ်တံခါးမကြီးအားဖွင့်လို့ Offroad အားအထဲခေါ်သွင်းလိုက်‌လေသည်။ အိမ်တွင်းဝယ် သန့်သန့်ရှင်းရှင်းနှင့် နေရာတကျရှိနေလေသည် ။
ပုံမှန် လဲသန့်ရှင်းရေး လုပ်ပေးသည်မို့ ဖုန်အမှိုက်တို့
ကင်းဝေးလျှက်သားပင်။ Offroad လှည့်ပတ်ကြည့်ရင်း တီဗီဘေးထောင်ထားသော ဓာတ်ပုံလေးအား
ယူကြည့်လိုက်လေသည်။

ပုံထဲတွင်တော့ ဆယ်ကျော်သတ်လူငယ်လေးတယောက် နှင့်  အသက် ၃၀ကျော် လူရွယ်တယောက် ရှိနေခဲ့လေသည်။  Offroad ဘေးနားသို့ Daou ရောက်လာပြီး ပြောလာခဲ့လေသည်။


"P 'Ou ဒါက ... "

"အွန်း .... ဒါက ကို့မွေးစားဖေဖေလေ ဖော့Neal "

"ဒါဆို အန်ကယ်က ဘယ်မှာလဲ ? "

Offroad အမေးအား Daouသည် သက်ပြင်းချလျက် လက်ထဲမှ ဓာတ်ပုံဘောင်လေးအား စင်ပေါ်ပြန်တင်လိုက်ရင်း ထိုဓာတ်ပုံဘောင်လေးအား အချိန်ကြာရပ်နေလေသည်။

Offroadလဲ  Daouကျောပြင်းအား အနည်းငယ်ပုတ်ပေးလိုက်လေသည်။ Daouနောက်ဆုံး သက်ပြင်းရှည်ကြီးချလိုက်ပြီး Offroad ဘက်လှည့်လာလေသည်။ Offroad လက်အားဆွဲလို့ အနီးမှ ဆိုဖာထက် Offroad အားထိုင်စေပြီး Daouကတော့ ကြမ်းပြင် အ‌ မွှေးနုနုအခင်းထက်ထိုင်ချလိုက်လေသည်။

"ဖော့ Neal သူက .... ဆုံးသွားပြီ "

"ဘယ်လို ....."

"ကိုမပြောရစေနဲ့ Road "

"ကောင်းပါပြီ P'Ou အဆင်ပြေမှ ပေါ့ P မိဘတွေအကြောင်းကော ပြောပြချင်လား ကျနော် တခါမှ မကြားဖူးလို့လေ "

"ကို့မိဘတွေလဲ မတော်တဆမှုနဲ့ ဆုံးသွားပြီ ကိုတယောက်ပဲရှင်ကျန်ခဲ့တာ ဒါမဲ့ ဖော့Nealနဲ့တွေ့ခဲ့တော့ ကို့အတွက် တန်ဖိုးထားရမဲ့သူ ထပ်ရှိလာပြီ
ထင်ခဲ့ပေမဲ့ ဖော့Nealကလဲ မကြာခင်ကပဲ ထားသွား
ခဲ့တယ် ခုတော့ ကို့မှာ မင်းတယောက်ပဲရှိ‌တော့တယ် Road "

Behind (Bl ) (Complete )Where stories live. Discover now