18+
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ညီအစ်ကိုဆိုတာ ကြာကြာတော့မခေါ်မပြောပဲ နေလို့မရတာကြောင့် ရှောင်းကျန့်တို့ညီ အစ်ကိုနှစ်ယောက်ပြန်အဆင်ပြေသွားကြသည်။ စစ်သူကြီးနှင့် မတွေ့ရသည်မှာ တစ်လပင်ရှိပြီဖြစ်တာကြောင့် အစ်ကိုတော်ကို နားပူနားဆာလုပ်နေမိသည်။
"ဟိုဖက်က တိုင်းရေးပြည်ရေးအခြေနေ ငြိမ်ရင် ရောက်လာမှာပေါ့။ ပြီးတော့ ညီတော့်ကို တစ်ကယ်ချစ်တယ်ဆိုရင်ပေါ့။"
"သူက တစ်ကယ်ချစ်တာ။"
"အစ်ကိုတော်ပြောချင်တယ်။ ကိုယ့်ဖက်ကတော့ အရင်ဆုံးမလှုပ်ရှားပါနဲ့။"
"အချစ်မှာ အဲ့တာတွေလိုလား။"
ထိုစဉ်
"မင်းကြီး စုန့်နိုင်ငံကစစ်သူကြီးကတွေ့ခွင့်တောင်းနေပါတယ်။ ပြီးတော့...."
"ပြီးတော့ဘာဖြစ်လဲ။"
"သူက သတို့သားဝတ်စုံနဲ့။ "
ထိုအခါရှောင်းကျန့်က လက်ခုပ်တီးပြီး
"တွေ့လား။ သူကျွန်တော့်ကိုတစ်ခါတည်း လာခေါ်တာ။ ကျွန်တော်အခုပဲလိုက်သွားတော့မ...."
စကားမဆုံးခင် အစ်ကိုဖြစ်သူတားတာကိုခံလိုက်ရသည်။
"အိန္ဒြေမမဲ့နဲ့။"
အစ်ကိုတော်ဟာ ဝမ်ရိပါ်ကိုတစ်ယောက်တည်းထွက်တွေ့သည်။ ပိုင်စိုးပိုင်နင်း သတို့သားဝတ်စုံကိုဝတ်လာရဲတယ်။ အပိုင်တွက်ထားပုံပဲ
"လာတဲ့ကိစ္စကိုပြောပါ စစ်သူကြီး။"
"ကျွန်တော်စစ်သူကြီး အနေနဲ့မဟုတ်ပဲ မင်းသားရှောင်း ခင်ပွန်းအနေနဲ့ လာတောင်းရမ်းတာပါ မင်းကြီး။"

YOU ARE READING
စစ်သူကြီးဝမ် နှင့် ဘုရင့်ကိုယ်လုပ်တော်( Complete)
Fanfictionဘုရင့်ကိုယ်လုပ်တော် က သမာသမတ်ကျပြီး တည်ငြိမ်တဲ့ စစ်သူကြီးကို သွေးဆောင်ဖြားယောင်းတယ်။