"ဆရာ"
"ရှန်ယဲ့ ပြန်မလာနိုင်တော့ဘူး"
"တောင်းပန်ပါတယ်"
(ကံကြမ္မာ၏အဆုံးအဖြတ်)
ယနေ့တွင် ဟူကျိုးကျောင်းတော်ကြီး၌သိုင်းပြိုင်ပွဲရှိ၏ ။ ထို့ကြောင့်ဂိုဏ်းအသီးသီးရှိ
တပည့်များဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။ပြိုင်ပွဲကွင်းပြင်တွင်
ကွင်းပြင်ရှေ့တွင် ကျောင်းတော်၏အကြီးဆုံးဆရာသခင်ဖြစ်သူကထိုင်နေပြီး ညာဘက်တွင်
ပိုင်ချူယင်း (လရောင်ဂိုဏ်း) ဘယ်ဘက်တွင်
ဇီလျန်ခုံး (စစ်ဘုရားဂိုဏ်း) ထို့နောက် နောက်ထပ်ဂိုဏ်းခွဲများဟူ၍အသီးသီးရှိသည်။
ဇီနန်းကျွင်း ဦးဆောင်သည့် ဇီလျန်ခုံး(ခေါ်)စစ်ဘုရားဂိုဏ်းက ဂိုဏ်းသားများကြားမှအဖြူရောင်ဝတ်စုံနှင့်ပိန်ပိန်သွယ်သွယ်လူငယ်တစ်ဦးရှေ့ထွက်လာ၍ကွင်းပြင်ပေါ်လျှောက်လာကာထို့အတူ
ပိုင်ချူယင်း (လရောင်ဂိုဏ်း) မှဗေဒါနုရောင်ကိုယ်ကျပ်ဝတ်စုံနှင့်မိန်းကလေးတစ်ဦးသည်လည်းကွင်းပြင်ပေါ်လျှောက်လာသည်။
လူငယ်ကောင်လေးနှင့်မိန်းကလေးမှာ တစ်ဦးနှင့်တစ်ဦးမလှမ်းမကမ်းတွင်အကြည့်ချင်းဆုံနေကြသည်။
၎င်းပြိုင်းပွဲကသူတို့နှစ်ဦး၏အရည်အချင်းကိုထုတ်ဖော်ပြသခွင့်ရမည့်ပွဲဖြစ်သည်။
သူတို့နှစ်ဦးမှာ ၁၆/၁၇ နှစ်ခန့်အရွယ် ရွယ်တူများဖြစ်ကြသည်။
မည်သည့်အရာမှဆွဲကိုင်လာခြင်းမရှိသည့်လူငယ်ကောင်လေးက လက်ကိုအနည်းငယ်လှုပ်ရှားလိုက်ယုံဖြင့် အသွားထက်ချွန်မြသည့်ဓားရှည်ကလက်ထဲတွင်ကိုင်ထားပြီးသားဖြစ်သွားသည်။လူငယ်ကောင်လေး၏နာမည်က နတ်ဘုရားခြေလှမ်း(အတွင်းအားကျင့်စဥ် ၇) လျှို့ကွမ်
မိန်းကလေးငယ်မှာတော့ကိုင်လာသည့်ဓားအိမ်ထဲမှဓားကိုဆွဲထုတ်လိုက်သည်။
ကြည်လင်နေသည့်ဓားမျက်နှာပြင်က ပုံရိပ်ကိုပင်မြင်စေသည်။
ထို့နောက် မလိုအပ်တော့သည့်ဓားအိမ်အားပျောက်စေသည်။မိန်းကလေးငယ်၏နာမည်က လရောင်စွမ်းအင်(အတွင်းအားကျင့်စဥ် ၈) ရှန်ယဲ့
အသင့်ဖြစ်သော် ဓားရှည်ကိုယ်စီဆွဲလာ၍ပြေးဝင်လာကာစတင်တိုက်ခိုက်လေတော့သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့သီသော
Fantasyရှန်ယဲ့/ယန်းရွှယ်💚💚 အရေးအသားညံ့ခဲ့သည်ရှိသော် သည်ခံပေးကြပါ။