အခန်း(၂)

7 2 2
                                    

ရှန်ယဲ့ သူမညာဘက်လက်တွင်အဝတ်ဖြူ ပတ်စည်းလျက်သားဖြစ်သွားသည်။

ညအချိန်ရောက်တာကြောင့် ကောင်းကင်ပေါ်မှပြည့်ဖြိုးလုံးဝန်းနေသောလမင်းစန္ဒာကအလင်းရောင်အပြည့်အဝထွန်းလင်းပေးနေသည်ကို ဝရံတာမှတစ်ဆင့်မြင့်တွေ့ရသည်။
အချိန်ကောင်းပါပဲ ဖြာကျနေတဲ့လရောင်အောက်မှာ လရောင်စွမ်းအင်အတွင်းအားကျင့်စဥ်ကိုကျင့်ပြီး ခန္ဓာကိုယ်တွင်းမှထိခိုက်ဒဏ်ရာများကိုလည်ပြန်ကုစားနိုင်သည်။

ချက်ခြင်းဆိုသလို ရှန်ယဲ့လက်ကိုလှုပ်ရှားလိုက်ကာချီစွမ်အင်/အတွင်းအားတွေကိုစုစည်းလိုက်သည်။ မူရင်းစွမ်းအားဖြစ်သည့်
ဗေဒါနုရောင်စွမ်းအင်လှိုင်းကသူမခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင် ဝေ့ပတ်ရစ်သီနေပြီး လရောင်အကူအညီဖြင့် ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုဖွဲ့စည်းတည်ဆောက်လိုက်သည်။
ရှန်ယဲ့ သက်သာသည်ဆိုသည့်ခံစားမှုမျိုးမခံစားရပေ။ ဒီလိုဆိုရင်တော့ကျင့်ကြံမှုကကြာအုံးမည်။

ထိုအခိုက်တန့် ~~

ပိုင်ချူယင်း (လရောင်ဂိုဏ်း)ကိုဦးဆောင်သည့်အမျိုးသမီးဆရာသခင် ယန်းရွှယ်သူမကတပည့်ဖြစ်သူရှန်ယဲ့နားရောက်လာသည်။
ရှန်ယဲ့ မျက်လုံးမှိတ်ထား၍သတိမမူမိ။
ယန်းရွှယ် ရှန်ယဲ့နှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
ရှန်ယဲ့ ကိုတစ်ချက်ကြည့်ပြီး ဝတ်ရုံလက်အဖြူနှင့်ထောင့်စွန်းနားအနီဆက်ထားသည့်အောက်မှသွယ်လျသည့်လက်ချောင်းလေးများကထွက်ပေါ်လာကာ ရွှေရောင်ချီစွမ်းအင်တွေကိုစုစည်းလိုက်ပြီး ယန်းရွှယ်သူမ ၎င်းတို့ကိုရှန်ယဲ့၏လက်ဖျံပေါ်သို့ပို့လွှတ်လိုက်သည်။
မကြာမီပင် ရှန်ယဲ့လက်ဖျံဘက်ကသက်သာလာသည်ကိုသူမခံစားလိုက်ရသည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရှေ့တွင်ဆရာသခင်ဖြစ်သူကရှိနေသည်။
ရှန်ယဲ့အနည်းငယ်မျှအံ့သြသွားပြီး လှုပ်ရှားမယ်လှုပ်တော့

"မလုပ်နဲ့....ငြိမ်ငြိမ်နေ"

ဆရာသခင် နှုတ်ဖျားမှထွက်ပေါ်လာသည့်နူးညံ့သည့်အမိန့်သံ
ထို့ကြောင့် သူမ မလှုပ်မယှက်​ပြန်ထိုင်နေလိုက်သည်။
တအောင့်နေတော့ လက်ဖျံရိုးဘက်မှအတော်သက်သာလာသည်ကို ရှန်ယဲ့ခံစားလိုက်ရသည်။
နာကျင်မှုကိုမခံစားရတော့သည်အထိ ~~
ဆရာသခင်ရဲ့ကျင့်ကြံမှုက သူမထက်မြင့်မားသည်ကိုး။

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းဖြင့်ဖွဲ့သီသောWhere stories live. Discover now