မြောင်ဟိုရဲ့ဘ၀တွင် တစ်ကယ့် ကိုစိတ်ညစ်ဖို့ကောင်းတဲ့သူကရောက်လာခဲ့သည်။သူ့ဆီကို မရှိရှိတဲ့ အကြောင်းပြချက်တွေယူလာပြီးလာလာတွေ့သည်။အော်လိုက်ရင်လဲ ခန္ဓာကိုယ်ကို အားမနာပဲ မျက်နှာကိုညှိုးအောင် လုပ်ပြတတ်တဲ့ ကင်မင်ဂယူကြောင့်ကြာရင် သူဒေါသအထွက်လွန်ပြီး သေနိုင်သည်။အခုလဲ သူဘယ်အချိန်လာမလဲဆိုတာ လန့်နေရသည်။
"မြောင်ဟိုရားးးးးးးးးးးးး"
လူက ရုံးခန်းထဲ မရောက်လာသေးပေမယ့် အသံကရောက်လာတာကြောင့် သူတွေးလိုက်တာက ကင်မင်ဂယူက သေချာပေါက်ကို အသက်ရှည်ဦးမှာ သူကတော့ ကင်မင်ဂယူကြောင့် အသက်ကိုတိုဦးမှာ။"မင်းဘာလာလုပ်ပြန်ပြီလဲ အလုပ်မရှိဘူးလား"
"မြောင်ဟိုကလဲ "
"မင်းမိဘဖုန်းနံပါတ်ပေး"
"အဖေက ငါ့ကို အမွေပြတ်စွန့်လွန့်လိုက်တာ"
ပြောပြီး ခေါင်းက ကြမ်းပြင်အောက်ကိုငုံ့ကြသွားသည်။
သူသိသည် ဒီကောင်လုပ်ပြန်ပြီ သူ့ကို လူယုတ်မာဇာတ်သွင်းတာ ။
"တော်ပြီ အဲ့မျက်နှာကြီး လုပ်မနေနဲ့တော့ ..."
"မြောင်ဟိုကလဲ"
မြောင်ဟို သက်ပြင်းရှည်များသာ ချရတော့သည်။
"တီ......တီ"
မင်ဂယူနဲ့စကားပြောနေတုန်း ဖုန်းအသံကြားတာကြောင့် ဖုန်းကိုင်လိုက်တော့ မြောင်ဟိုမျက်နှာကတော်တော်ခက်ထန်လာသည်။"လုပ်ပြန်ပြီလား အခုချက်ချင်း ရဲစခန်းသွားပြီး အမှုဖွင့်လိုက် ညနေပြန်လာခဲ့မယ် တရုတ်ကို"
မင်ဂယူက မြောင်ဟိုဖုန်းပြောနေတာကို သိချင်၏ ဘာတွေများဖြစ်လို့ မျက်နှာတွေပါ နီပြီး မေးကြောတွေပါထောင်လာတာဆိုတော့ သူသိချင်၏။
ဖုန်းပြောပြီးတော့ ချက်ချင်း ပဲ ရုံးခန်းထဲက အလောတကြီးထွက်သွားတဲ့ မြောင်ဟိုကြောင့် သူ့မှာ လိုက်ရပြန်၏။"ဘယ်သွားမလို့လဲ မြောင်ဟိုရဲ့"
"မင်ဂယူ မင်းင့ါကို ရှုပ်ချင်ရင် နောက်မှရှုပ်ကွာ ငါအခုမအားဘူး ဟုတ်ပြီလား"
"ဘာဖြစ်လို့လဲ ကို့ကိုယ်ပြောလေ "
မြောင်ဟိုက သူပြောတာကို ဂရုမစိုက်ပဲ ချက်ချင်း ကားနဲ့ထွက်သွားတာကြောင့် သူလဲကားနဲ့မြောင်ဟို့နောက်ကို လိုက်ခဲ့၏။နောက်တွင် သူတို့နှစ်ယောက်လုံး airport. သို့ရောက်လာခဲ့၏။
YOU ARE READING
𝑨𝒈𝒂𝒊𝒏
أدب الهواة"အရာအားလုံးထက်ငါ့ကိုပဲယုံပေးမင်ဂယူ ငါ့ရဲ့လက် ကိုလုံး၀မဖြုတ်နဲ့ ငါအကုန်ဖြေရှင်းပေးမှာမလို့"