Part 2 ရေပူစမ်းကအလှလေး

706 63 13
                                    

ခွန်းလွန်တောင်ရဲ့ရေပူစမ်းလေးမှာအဝတ်အပေါ်ပိုင်းကိုအပါးလေးသာဝတ်ပြီးအောက်ပိုင်းကိုဘောင်းဘီအဖြူလေးသာဝတ်ကာရေစိမ်ရင်းအပန်းဖြေနေတဲ့ Zhu Yan တစ်ယောက်မနေ့က Li Lun  ပြောတဲ့စကားတွေအကြောင်းကိုစဉ်းစားရခက်နေသည်။။ Li Lun သူ့ကိုဝမ်းနည်းနဲ့မျက်လုံးတွေနဲ့ကြည့်ကာတင်းတင်ကျပ်ကျပ်ဖက်လိုက်တဲ့အချိန် Zhu Yan တစ်ယောက်ရင်ကဘာလို့မြန်းမသိ Li Lun ကိုအကြာကြီးခွဲနေရသလိုခံစားလိုက်ရသည်။ Zhu Yan တစ်ခုခုမှားနေသည်ဟုထင်သော်လည်း Li Lun က ဒီအတိုင်းဘာမှမဖြစ်ပါဘူးလို့သာပြောပြီးရှင်းမပြချင်တဲ့ပုံပေါက်နေတာကြောင့် သူဘာမှထပ်မပေးခဲ့ပေ။
Zhu Yan တစ်ယောက်စိတ်ကူးထဲနယ်ချဲ့နေတုန်း Li Lun သူ့အနားကိုရောက်လာတာတောင်သတိမထားမိလိုက်ဘူး၊ Li Lun ကလည်း Zhu Yan ကိုအတွေးထဲမျောနေတာတွေ့တော့မသိမသာလေးအနားကပ်သွားပြီးအနောက်ကနေနားနားကိုအသံတိုတိုးလေးနဲ့

"Zhu Yan မင်းဘာတွေဒီလိုက်တောင်တွေးတောနေတာလဲ ဟမ်?”

Li Lun တစ်ယောက်အဲ့လိုဘေးနားကနေပြောလိုက်တော့မှ Zhu Yan တစ်ယောက်လန့်ကာချက်ခြင်းလှည့်ကြည့်လိုက်တော့
ခြေချော်ကနောက်ကိုလဲကျသွားသည်၊ Zhu Yan တစ်ယောက်သူ့ကိုသူလုံးဝအထိနာတော့မည်အထင်နဲ့မျက်စိကိုတင်းတင်းမိတ်ထားကာနောက်မှနာကျင်မှုကိုမခံစားရတာကြောင့်မျက်လုံးလေဖွင့်ကြည့်လိုက်တော့ Li Lun ကသူ့ကိုခါးကနေဆွဲဖက်ထားတာကြောင့်သာမပြုတ်ကျခဲ့ခြင်းပေ။ Zhu Yan တစ်ယောက်သက်ပြင်းချကာ Li Lun ကိုကျေးဇူးတင်စကားပြောမယ်ကြံတုန်း ခရမ်းချဉ်သီးလိုနီမြန်းနေတဲ့ Li Lun ရဲ့မျက်နှာကိုတွေ့လိုက်ရကာကြောင်သွားသည်၊

"Z-Zhu Yan မ...မင်းအဆင်ပြေရဲ့လား?!"

"ငါအဆင်ပြေပါတယ် မင်းနေမကောင်းဘူးလား ဘာလို့မင်နားရွက်တွေကောမျက်နှာပါနီနေတာလဲ!? " Zhu Yan တစ်ယောက် Li Lun ကို ထူးဆန်းွာဖြင့်မေးလိုက်သည်။***

Li Lun ရဲ့မျက်လုံးတွေက Zhu Yan ကိုရဲရဲမကြည့်ရဲဘူး။ Li Lun တစ်ယောက်ရင်ထဲကအကောင်ပေါက်လေးအပြင်ကိုခုန်ထွက်တော့မတတ်ခံစားလိုက်ရသည်၊ သူ့ရဲ့သမာဓိကိုသူမယုံရဲဘူး ဘာလို့ဆို  Zhu Yan ကြောင့်ပင်၊ Zhu Yan သည်အလွန်ပါးလွှာသောအဖြူရောင်ဝတ်ရုံလေးကိုသာဝတ်ထားပြီး သူ့အသားရေနှင့်တစ်ထပ်တည်းကြသရောင်ဖြစ်နေကာရေတွေဆိုနေတာကြောင့် ဝမ်းဗိုက်ကြွက်သားခပ်ရေးရေးလေးနဲ့သေသွယ်သောကိုယ်လုံးလေးက အထင်းသားပေါ်လွင်နေကာ မြင်ရသူတိုင်းယောက်ျား၊မိန်းမမကျန်ငေးမောသွားနိုင်ပေသည်။ ထိုကိုယ်လုံးလေးကိုအနီးကပ်မြင်နေရဲ့ Li Lun အဖို့တော့ပြောစရာတောင်လိုမည်မထင်၊ Li Lun တစ်ယောက် Zhu Yan ခါးကိုမြန်မြန်လွှတ်လိုက်ကာခေနှစ်လမ်းလောက်ပြန်ဆုတ်လိုက်သည်၊

🍁ကံကြမ္မာပေးတဲ့နှလုံးသားစေရာ🍁Where stories live. Discover now