The Heartbeats

4 0 0
                                    

ထိုညက လီဆာ ဆီဝင်ခံခဲ့သော သူမလေးဟာ မနက်ကျ ဘာမှ မသိသလို ပေါ့ပေါ့ပါးပါးပင် လီဆာကသာ နာမည်ပင်သိခွင့်မရလိုက်သော ထိုမိန်းကလေးအား ကျိတ်၍ အားကျနေသည် သုမလည်းဝင် မခံဖြစ်ခဲ့ပေ
"ချစ်တယ်ဂျန်"ဆိုသောစကားဟာ နှုတ်မှထွက်ဖို့ လွန်စွာခဲယဉ်းလှနေသည်မလား...
ထိုနေ့....
ထိုနေ့ဟာ ဂျန့်အား နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းသာ...
လီဆာဟာ မနက်စာ အပြီးပြန်မည်ဖြစ်၍ ဂျန့်အတွက် အမှတ်တရ။ က်ဆောင်အဖြစ် Lavender ပန်းခင်းကြီးထဲ နေလုံးဟာ ကွယ်ဝှက်နေသော ညနေဆည်းဆာ၏ အလှအားဖော်ပြထားသော...ငှက်ငယ်လေးများ အိပ်တန်းပြန်နေသော ထိုပန်းချီကားချပ်အား သူမှရှာထားသော သူမဆေးဖိုးတေအကုန်ဆုကာ ဝယ်ပလိုက်လေသည် ယခု မန်နေဂျာအမအားမေးရာ ဂျန်ဟာ အောက်က ရေကန်နားမှာတဲ့ lavender ပန်းခင်းဟာ သူမတို့အတွက်အဓိကအမှတ်တရပင်မဟုတ်လား...
သူမသွားနေချိန်
'ဟင်'
ဂျန်ဟာ ရွှေအိုရောင်ဆံနွယ်တေဖြင့် ရပ်နေသော မိန်းကလေးတစ်ဦးအား ဖတ်ကာရှိုက်ငိုနေသည်လေ
ထိုမိန်းကလေးမှာ ပြန်လည်ဖတ်ထားခြင်းမရှိသော်လည်း လက်သီးများအား ကျစ်နေအောင်ဆုတ်ထားကာ တစ်ခုခုအလိုမကျနေပေ...
'ချယ် ငါ့..ငါ့ကို..မထားခဲ့ပါနဲ့'
'ဂျန်နီ မင်းက ငါ့သူငယ်ချင်းလေ ငါ့အချစ်ဆုံးသူငယ်ချင်း..မင်းဘာလို့ခုလို'
'ချယ်..ငါ..ငါ'
'လွှတ်'
ဂျန့်အားတွန်းလိုက်သော ထိုမိန်းကလေးကို လီဆာ ကြည့်မရတော့ပေ
ဒီလောက် ချစ်ဖို့ကောင်းသည့် မိန်းကလေးကို ထိုရွှေအိုရောင်လေးဟာ ဘာကြောင့်မုန်းတီးနေတာလည်း
'ဂျန် မင်းခုလိုလုပ်တော့ရော ဘာရလည်း'
'ငါချစ်တယ်လေ...ချယ့်ကိုအရမ်းချစ်နေတာလေ'
'ငါလည်း ဆူးကိုချစ်တာဘဲလေ'
'ချယ်!!'
'မအော်နဲ့ဂျန် မင်းအရမ်းတစ်ကိုယ်ကောင်းဆန်တယ် ငါနဲ့ ဆူးကြားပြသနာတက်အောင်မင်းလုပ်တာ ခု ဆူးက သူ့လူနာတစ်ယောက်ပိုကြိုက်နေပြီတဲ့ မင်း...မင်းသာမရှုတ်ရင်ခုလိုဖြစ်လာမှာမဟုတ်ဘူး'
'ဟက် ငါ့အချစ်ကအလောက်အပေါစား ဆန်နေတာလားချယ်'
'ဘာ'
'ဘာလည်းရောဂါသည်ဆိုနင်ရွံ့နေတာလား'
'ဂျန်...ဒါဘာစကားလည်း မင်းကိုချစ်တဲ့ ငါ့အချစ်က သူငယ်ချင်းလိုအမြဲ ဖြူစင်နေတာ မင်းဘဲ အမြဲ အရောင်တေဆိုးနေတာလေ'
'ဟက်...'
'ဂျန် နင် အိမ် ပ့န်လိုက်ခဲ့တော့ ဆေးကုမယ်'
'မကုဘူး သေပါစေ'
'ဘာ!!!'
'သေသွားအေးတယ် ငါရှင်နေတော့ရော ကောင်းသွားတော့ရော နင်က ငါ့ပြန်ချစ်မှာလား'
'ကျစ်'
'မချစ်ဘူးလေ နင်မချစ်တဲ့နောက်အသက်ရှင်ပြီး ငါဘာလုပ်ရမလည်း'
'....'
အမြဲသူငယ်ချင်းတစ်ယောက်လို ချစ်သော မိန်းကလေးဖို့ ကိုယ့် အချစ်ဆုံးသူငယ်ချင်းအား ကူညီချင်တာ မထူးဆန်းသော်လည်း ထိုသူငယ်ချင်းကဘဲ မိမိအချစ်ရေးကို ဒုက္ခပေးခဲ့ မန်းမနေ့က သိခဲ့ရသော ချယ့် အဖို့လည်း အခုလိုလုပ်ခြင်းဟာ မမှားဘူးမလား ချယ်လည်း ခံစားခဲ့ရတာဘဲလေ ဒါပေမဲ့ ဘာဖြစ်နေနေ ချယ်က ဂျန့်နားအမြဲရှိမဲ့ သူငယ်ချင်းတစ်ဦးပါဘဲလေ...။
လီဆာ ထိုစကားတေအားကြားပြီး ညက ဂျန်ပြောသမျှဟာ အလိမ်တေမန်းသိခဲ့ရသည် ညကဂျန်က သုမအားစတင် နမ်းခဲ့သော ပန်းခင်းကြီးထဲက အနမ်းဟာလည်း မူးနေ၍ ဤ ချယ် မိန်းကလေးကြောင့်ပင်တဲ့ ချယ်တဲ့ သိပ်လှပါတယ် ကိုယ့်တိမ်ဆိုင်ငယ်..
ဂျန် နဲ့ ချယ် လိုက်ဖက်လွန်းတဲ့ အတွဲမို့ ကိုယ့်ဘက်ကဘဲ အလျော့ပေးခဲ့ ပါတယ်ဂျန်...
ရှေ့ကစကားတေတစ်ဝက်သာကြားလိုက်သော လီဆာဟာ ဂျန်နဲ့ ချယ် ရန်ဖြစ်၍ ခုလိုလုပ်နေကြခြင်းဟုထင်ကာ နောက်က ပြသနာတေအားမကြားဘဲ ပန်းချီကားကိုရင်ထဲ ပိုက်ကာ ပန်းခင်းကြီးကို စိုက်ကြည့်နေသည်..
အချစ်တေပေးခဲ့သော ဤ ပန်းခင်းဟာ အခုတော့နောင်တတေပါပေးနေပြီ
"ချစ်တယ်...အရမ်းချစ်တယ်...ဂျန် ကိုယ့်ကလေးငယ်"
ကိုယ့်အပူနဲ့ကိုယ်မို့ အိပ်ကပ်ထဲက Missed Callတေအားသတိမမူမိ

Love across timeWhere stories live. Discover now