Chapter 201 – ရှာတွေ့သွားကြပြီ
.ကျန်းကျွင်းမော့သည်နာရီဝက်လောက်ထွက်သွားပြီးမှ ပြန်ရောက်လာသည်။ လုရှမှာဖင်တကြွကြွနဲ့ သူ့ကိုအိမ်မှာစောင့်ဆိုင်းနေခဲ့သည်။
ကျန်းကျွင်းမော့အိမ်ထဲဝင်လာပြီးနောက်မှာ သူမျက်နှာထားကအနည်းငယ်ရှုပ်ထွေးနေပြီး နောက်ဆုံးမှာတော့ တိုက်ရိုက်ပြောပြလိုက်သည်။
" စာရင်းကိုင်ရှစ်နဲ့မုဆိုးမယဲ့တို့ပတ်သတ်နေတဲ့ကိစ္စပဲ ရှာတွေ့သွားကြပြီ!"" အာ?"
လုရှအံ့အားတသင့်နဲ့မျက်ဝန်းတွေပြူးကျယ်သွားသည်။
" သူတို့ဇာတ်လမ်းအကြောင်းလား?"" ဟုတ်တယ်"
ကျန်းကျွင်းမော့ခေါင်းညိတ်လိုက်ပြီး ..." အခြေအနေတွေကအတော်လေးအလေးအနက်ဖြစ်နေတယ် ရွာထဲကရွာသားတွေထွက်လာကြပြီး လမ်းပိတ်ထားကြတယ်"
" ဘုရားရေ!"
လုရှစိတ်လှုပ်တရှား အာမေဋိတ်သံပြုလိုက်သည်.." ဘယ်သူဖော်လိုက်တာလဲ?"သူတို့နှစ်ယောက်ကလုပ်ရမလား မလုပ်ရမလားတောင်မဆုံးဖြတ်ရသေးခင်မှာပဲ စာရင်းကိုင်ကရှာတွေ့ခံလိုက်ရပြီ။ ဒါကမကောင်းတာလုပ်တဲ့သူကမကောင်းတာရရှိတယ်ဆိုတာများလား?
" ကိုယ်လည်းမသိဘူး"
ကျန်းကျွင်းမော့ခေါင်းယမ်းလိုက်ပြီး..." တစ်ယောက်ယောက်ကသူခိုးရှိတယ်အော်လို့ ရွာသားတွေကထွက်လာကြတာလို့ကြားတယ် သူတို့ကသူခိုးကိုတော့မတွေ့ခဲ့ပေမယ့် စာရင်းကိုင်ရှစ်နဲ့မုဆိုးမယဲ့ကိုပဲတွေ့ခဲ့ကြတယ်"
လုရှ: "...."
ကိစ္စတွေကဒီလောက်တိုက်ဆိုင်နိုင်သလား? တစ်ယောက်ယောက်ကတမင်လုပ်လိုက်တာဆိုတဲ့ အတွေးဘက်ကိုပိုအားသာနေတယ်ရယ်။ကျန်းကျွင်းမော့လည်း သူမလိုပဲတွေးမိတာသိသာပါသည်။
" ကဲ တွေးမနေတော့နဲ့ ဒီကိစ္စကကိုယ်တို့နဲ့ဘာမှမဆိုင်ဘူး အိပ်ရာစောစောဝင်တော့ ဒီနေ့တော့စီနီယာအစ်ကိုရွှီဆီကိုသွားနိုင်မှာမဟုတ်တော့ဘူး"လုရှခေါင်းညိတ်လိုက်ပြီး.." အင်းပါ နားလည်ပါတယ်"
ဒါပေမယ့် အိပ်ရာမဝင်ခင်မှာ သူမကအနည်းငယ်သိချင်စိတ်ပြင်းပြနေတုန်းပဲ။
" ဒီအဖြစ်အပျက်ကကျောက်ဟွာကိုထိခိုက်စေလိမ့်မယ်လို့ ထင်လား?"