Chapter 205 – ပန်းချီဆွဲခြင်း
.မကြာသေးမီက မှိုခူးတဲ့ရာသီဖြစ်တာကြောင့် ရွာထဲတွင်တောင်ပေါ်ရှိအလေ့ကျထွက်ကုန်တွေ တစ်ဖန်ထပ်ရလာသည်။
နှစ်တစ်နှစ်ရဲ့ဒီအချိန်က ငွေရှာရန်အခွင့်အရေးတစ်ခုဖြစ်သည်။ ထို့ကြောင့် ပညာတတ်လူငယ်များနေရာကလူတွေအပါအဝင် ရွာထဲကလူတိုင်းကတောင်ပေါ်တက်ရန်မစောင့်နိုင်တော့ပေ။
ဒါပေမယ့် ဒီနှစ်မှာလုရှကကိုယ်ဝန်ရှိနေတာကြောင့် ဒီလိုအချိန်မှာကျန်းကျွင်းမော့ကသူမကိုတောင်ပေါ်တတ်ခွင့်မပေးမှာ ကျိန်းသေပါသည်။ သူကသူမကိုမသွားခိုင်းရုံတင်မကဘူး သူကိုယ်တိုင်လည်းမသွားပဲ အိမ်မှာနေပြီးသူမကိုအဖော်ပြုပေးခဲ့သည်။
သူတို့ကတောင်ပေါ်မတက်ခဲ့ကြပေမယ့် မှိုတွေကိုတော့စိတ်ဝင်စားနေကြသေးသည်။ ရွာထဲကနေပမာဏကောင်းကောင်းဝယ်ယူခဲ့ကြပြီး သူတို့ဘာသာစားရန်အနည်းငယ်သိမ်းထားပြီး ကျန်တာတွေကိုအခြောက်ခံကာ ကျန်းမိသားစုဆီပို့ပေးလိုက်ကြသည်။ မှိုတွေခူးလို့ပြီးသွားပြီးနောက်မှာ ဆောင်းဦးရိတ်သိမ်းဖို့အတွက်အချိန်ကျလာသည်။
ဒီကာလကတစ်နှစ်မှာအလုပ်အများဆုံးအချိန်ပဲ။ မိုးမမိအောင်ရှောင်ဖို့ကြိုးစားရင်း ကောက်ပဲသီးနှံတွေကိုအလျင်မြန်ရိတ်သိမ်းရတာကြောင့် လမ်းလျှောက်နိုင်တဲ့သူတိုင်းအလုပ်လုပ်ရသည်။ တစ်ရက်ပျက်ကွက်ခွင့်ယူတာတောင်မှခွင့်မပြုပေ။
ထို့ကြောင့် ဒီအချိန်ကာလအတွင်းမှာတော့ လုရှလည်းအလုပ်သွားရလေသည်။ ကျန်းကျွင်းမော့သည်စိုးရိမ်မိပေမယ့် တခြားနည်းလမ်းမရှိပေ။
ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲ လုရှကကိုယ်ဝန်လေးလကျော်ရုံသာရှိသေးပြီး ဗိုက်ကသိပ်မကြီးမားသေးဘူး။ ထို့ပြင် ရွာကသူမလိုကိုယ်ဝန်ဆောင်တွေကိုဂရုစိုက်ပေးပြီး အလွန်အကျွံပင်ပန်းရတဲ့တာဝန်တွေကို မခွဲဝေပေးပေ။ ဒါကြောင့် ကျန်းကျွင်းမော့ကတွန့်ဆုတ်စွာဖြင့်သာ စိတ်အေးအေးထားနိုင်ခဲ့သည်။
ဆောင်းဦးကောက်ပဲသီးနှံရိတ်သိမ်းခြင်းရဲ့ ပထမဆုံးနေ့တွင် အမှန်ပင်လုရှသည်ပြောင်းချိုးတာလိုမျိုး အတော်လေးပေါ့ပါးတဲ့အလုပ်ရခဲ့သည်။ ပြောင်းရွက်တွေကသူမကိုခြစ်မိလို့ အနည်းငယ်မသက်မသာဖြစ်ရပေမယ့် ရုပ်ပိုင်းဆိုင်ရာအားထုတ်မှုမလိုအပ်ပဲ ပစ္စည်းတွေမ,ရတာ အဆက်မပြတ်ကုန်းရကွရတာမျိုး မပါဝင်ပေ။ ဘာပဲဖြစ်ဖြစ် တခြားတာဝန်တွေနဲ့ယှဉ်ရင်တော့ ဒါကအတော်လေးလွယ်ကူပါသည်။