Chapter 203+204

511 121 0
                                    

Chapter 203 –  စွင်းရှန်းနန်နဲ့ကျောက်ဟွာကြားကအရှုပ်တော်ပုံ
.

" ဟမ်? ဘာရယ်?"
လုရှသဘောမပေါက်သေးပေ။

" ကျေးလက်ကိုငါရောက်လာခါစတုန်းက ကျေးလက်ဒေသကဘဝကိုနေသားမကျနိုင်ခဲ့ဘူး သူကငါ့ကိုအရင်လာကူညီပေးခဲ့တာ တဖြေးဖြေးနဲ့ ကျေးလက်ကိုအတူရောက်လာကြတဲ့ပညာတတ်‌လူငယ်တွေကြားမှာ တချို့ကဒီနေရာကခက်ခဲကြမ်းတမ်းမှုတွေကြောင့် အိမ်ထောင်ပြုသွားကြပြီး တချို့ကထွက်သွားခဲ့ကြတယ်"

" ငါတို့သုံးယောက်ပဲကျန်ခဲ့တယ် လျှိုကျွင်းရဲ့မိသားစုအခြေအနေကမကောင်းဘူး သူ့မိသားစုကိုထောက်ပံ့ပေးဖို့ ငွေဘယ်လိုရှာရမလဲဆိုတာပဲ တစ်ချိန်လုံးတွေးနေတာ သူကငါတို့နဲ့သိပ်အချိန်မဖြုန်းဘူး အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့ငါနဲ့ကျောက်ဟွာပဲကျန်တော့တယ် ငါတို့ကတစ်ယောက်ကိုတစ်ယောက်အဖော်ပြုပေးရင်း နှစ်သိမ့်မှုရှာတွေ့ခဲ့ကြပြီး တဖြေးဖြေးနဲ့သမီးရည်းစားတွေဖြစ်လာကြတယ်"

" ဒါပေမယ့် ငါတို့နှစ်ယောက်စလုံးကမြို့ကိုပြန်ချင်တာကြောင့် လက်ထပ်ဖို့အကြောင်းလုံးဝအစမဖော်ခဲ့ဘူး ငါတို့နှစ်ယောက်လုံးဒါကိုရင်ထဲမှာနားလည်ထားကြတယ်လို့ ထင်ခဲ့တာ နောက်ဆုံးငါတို့မြို့ပေါ်ပြန်ရောက်ချိန်က ငါတို့ရဲ့မင်္ဂလာပွဲအတွက်အချိန်ဖြစ်မယ်လို့ပေါ့

ဒါပေမယ့် ငါမှားသွားခဲ့တယ် ငါခန့်မှန်းတာသိပ်များသွားတယ် သူကမြို့ကိုပြန်ချင်တာမဟုတ်သလို ငါထင်သလောက်ငါ့ကိုဂရုမစိုက်ပါဘူး ငါကသူအချိန်မရွေးစွန့်ပစ်နိုင်တဲ့သူဖြစ်ပြီးတော့ သူ့မှာအပြစ်မကင်းစိတ်တစိုးတစိမှမခံစားရဘူးဆိုတာ ငါသိသွားခဲ့တယ် သူ့ကဘာတစ်ခုမှငါ့ကိုရှင်းပြဖို့အတွက်တောင် အပင်ပန်းမခံခဲ့ဘူးလေ"

ဒီစကားကြားလိုက်ရတော့ လုရှအံ့ဩသွားသည်။ ဘာတွေဖြစ်နေတာလဲ? ကျောက်ဟွာကတကယ်တော့စွင်းရှန်းနန်နဲ့ပတ်သတ်နေတာလား? ပြီးတော့ အခုချိန်မှာသူကအလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်ကနေရာအတွက် စွင်းရှန်းနန်ကိုဆန္ဒအလျောက်လက်လျှော့ခဲ့ပြီး ရှစ်ချွင်းယန်ကိုရွေးချယ်ခဲ့သည်။

အမြှောက်စာခင်ပွန်း အတွဲ ၂Where stories live. Discover now