Part4

1.5K 79 4
                                    

"ရွှေဘုံလေ မမပျိုရဲ့သမီးလေးရှိတဲ့နေရာကိုသိထားတယ်သိလားမမ,

"ဟုတ်လား ဘယ်နားမှာလဲ ဘာလို့မခေါ်ခဲ့တာလဲ ရွှေဘုံ အခုဘယ်မှာလဲ သမီးလေးက

ကျူးလစ်ပျိုတစ်ယောက်စိတ်တွေအရမ်းလှုပ်ရှားနေသည် အနှစ်နှစ်အလလ ရှာလာခဲ့တဲ့သမီးလေးကို ပြန်တွေ့ရတော့မယ်အခြေနေကြီး..

"ဟုတ်တယ် မမပျို, ရွှေဘုံလဲတတ်နိုင်တဲ့ဘက်က ရှာပေးနေတာရယ် ..အဟင့် ..အဲ့ဒါကိုလေ ဦးတေဇကမသိဘူးသိလား ရွှေဘုံကိုဟိုနေ့က လာခြိမ်းခြောက်သေးတယ် မသိရင် ရွှေဘုံကလဲ အဟီး မမပျိုရဲ့သမီးလေးကိုဖွက်ထားသလိုပဲ...

တေဇမင်းမောင်မရှိတဲ့အချိန် အရင်လိုပဲ သွေးထိုးပြန်သည် တေဇမင်းမောင်ကိုသွေးထိုးလို့မရမှန်းသိတဲ့နောက်ပိုင်း ကျူးလစ်ပျိုကိုသာ အမျိုးမျိုးသွေးထိုးတတ်သည် အခုလဲတေဇမင်းမောင် အကြမ်းနည်းနဲ့ခြိမ်းခြောက်ထားလို့ သမီးလေးရှိတဲ့နေရာကို ကျူးလစ်ပျိုဆီက မျက်နှာယူပြီး ထုတ်ပြောလာခဲ့သည် ဘယ်လိုပဲဖစ်ဖစ် ပြောပြရတော့မဲ့တူတူလေ

❤❤❤

"ငယ်ရေး, ..

"ဟုတ် မေမေလေး..

"မကြာခင် သမီးရဲ့မေမေတို့ဖေဖေတို့ ပြန်လာခေါ်တော့မယ် သူငယ်ချင်းတွေကို နှုတ်ဆက်ထားနော်

"မေမေ?

"ဟုတ်တယ် ငယ်ရဲ့ သမီးရဲ့မေမေတို့ လာခေါ်တော့မှာ..

"ဟင်အင်းမသွားချင်ဘူး မသွားချင်ဘူး ငယ်မှာ ကိုကိုနဲ့သုတရှိရင် ရပြီး မသွားဘူး ဟင်အင်း

ကလေးမလေးက ခေါင်းမာမယ်ဆိုတာ ဂေယာမှူးကကြိုသိထားပြီးသားပါ ဒါကြောင့်

"မသွားချင်လို့မရဘူး သမီးရဲ့, မကြာခင် သုတကိုရော ဇေးကိုရောက သူတို့မိဘတွေပြန်လာခေါ်တော့မှာ...

"မခေါ်ပါဘူး သူတို့မှာလဲမိဘတွေမရှိတော့ဘူး ငယ့်မှာလဲ မိဘတွေမရှိတော့ဘူး အဟီး ကိုကိုရေ

တခါမှမမငိုဖူးတဲ့ကလေးမက အခုကျတော့ မျက်ရည် ဘူးသီးလုံးလောက်ကျပြီး ကိုကို ဆိုပြီး ငိုနေပါရဲ့.. ဇေးကတော့ ထိုအကြောင်းတွေကိုကြိုသိထားပြီးသားမို့ ဘာမှရှည်ရှည်ဝေးမပြောပေ သူ့ဆီကို ငိုပြီးပြေးလာတဲ့ မေကျူးလစ်လေးကို တင်းတင်းလေးဖက်ကာ

ချစ်ရပါသော ငယ်ချစ်ဦးလေး Where stories live. Discover now