လက်ထဲက နှလုံးရိုက်စက်ကို ဆုပ်ကိုင်ထားရင်း လက်တွေထုံကျင်လာတော့မှ minseok သူအလုပ်ခန်းထဲရောက်နေတာ တော်တော်ကြာသွားကြောင်း စဉ်းစားမိသည်။
မျက်လုံးနှစ်လုံးကို ခနပိတ်ပြီး ပြန်ဖွင့်သည့်အခါ သူ့အမြင် အာရုံတွေေ၀၀ါးလာကြောင်း သတိထားမိသည်။
သက်ပြင်းတချက်ကို ခပ်ဖြေးဖြေး ချလိုက်ရင်း ခေါင်းတွင်ဆောင်းထားသော မီးသီးကို နေရာတကျ ပြန်ပြင်လိုက်သည်။
အပြင်မှာတော့ မှောင်လှပြီ။
လမ်းမီးတိုင်မှ အလင်းရောင်သဲ့သဲ့သည် ကြီးမားသော ပြတင်းပေါက်တွေဆီမှ တဆင့် သူ့အလုပ်ခန်းထဲသို့ ဖြာကျနေသည်။
ပိုးစုန်းကြူးလေးတွေရဲ့ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်နှင့်အတူ ညတွင်ပျော်သော သတ္တ၀ါလေးများရဲ့ ကျွတ်စီ ကျွတ်စီသံ ကြားနေရသည်မှအပ သူ့အလုပ်ခန်းလေးသည် တိတ်ဆိတ်ငြိမ်သက်လျှက်။
ပခုံးဆီမှ ပြင်းထန်သော နာကျင်မှုနှင့်အတူ သူ့ခန္ဓာကိုယ်မှ အားအင်များ တယောက်ယောက်ကစုပ်ယူသွားသလို ခံစားနေရသည်။ အလုပ်စားပွဲပေါ်သို့ သူမှောက်ချလိုက်ရင်း လက်တဖက်ကလဲ သူ့နှလုံးသားဆီမှ ပြင်းထန်သော ဝေဒနာကို သက်သာလို သက်သာငြား ရင်ဘတ်ကို ဖိနှိပ်ပေးနေမိသည်။
တဖြေးဖြေးနှင့် အိပ်ပျော်တော့မယောင်အနေအထားသို့ရောက်သောအခါ အနောက်နားဆီမှ ခြေသံတိုးတိုးသဲ့သဲ့ကို ကြားလိုက်ရသည်။ သူ့ခေါင်းကို ဆယ်ပေါင်တူနှင့်ထုထားသည့်အလား ဦးခေါင်းတခုလုံးလေးလံနေသည့် ဝေဒနာကြောင့် သူ ခေါင်းကိုမထူချင်ခဲ့ပေ။ ဘယ်သူများလဲလို့ စိတ်မ၀င်စားအား။ မျက်ခွံတွေ တဖြေးဖြေး လေးလံလာပြီး ပြင်ပလောကနှင့် အိမ်မက် နယ်နမိတ်အကြား သူ့စိတ်က ကူးချည်သန်းချည် သွားလာရင်း နောက်ဆုံးတော့ သူ့စိတ်တခုလုံးကို အမှောင်ထုကသာ ကြီးစိုးသွားလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝင်သက်ထွက်သက် အသက်ရှူသံတွေကြားမှာ ရင်းနှီးသော သူ့အလုပ်ခန်းလေးရဲ့ အငွေ့အသက်တို့ကို ရှူရှိုက်ရင်း သူ နိုးတ၀က်အိပ်တပျက်ဖြစ်နေသည်။ မီးခိုးနံ့၊ ချွေးနံ့တွေနှင့် ရောပြွန်းနေသော ရင်းနှီးသော အနံ့လေးပင်။ ပြီးခဲ့သည့် နွေဦးရာသီကတည်းက သန့်ရှင်းရေးလုပ်ရင် ကြံစည်ထားသော်လည်း သူပြုပြင်ရမည့် နှလုံးသားတွေက များပြားလွန်းသဖြင့် သူ့အလုပ်ခန်းလေးကို သူ လှည့်မကြည့်နိုင်ခဲ့ပေ။

KAMU SEDANG MEMBACA
The Heartsmith (Completed)
Fiksi Penggemarကျွန်တော် မပိုင်ဆိုင်ခဲ့ရသေးဖူးတဲ့ သူ့နှလုံးသားလေး ဟိုးအဝေးက ငေးကြည့်ရင်း ကျွန်တော့်အတွက် ကြယ်တခု အပိုကြွေပေးဖို့ ဆုတောင်းနေမိတယ် (Kim Jongin)