On the snow[ Christmas Special]

1.1K 109 2
                                    

Lay pov:သူပြုံးလိုက်ရင် နှုတ်ခမ်းလေးက ကွေးညွတ်သွားတတ်တယ်။အမြဲတမ်းပြုံးနေပြီး ကြင်နာတက်တဲ့ သူ့ကို ကျွန်တော်မချစ်ပဲမနေနိုင်ပါဘူး။ဒါပေမဲ့ ဒီလို လူ့ပတ်ဝန်းကျင်မှာ သူ အနှိမ်ခံရမှာကိုတော့ ကျွန်တော်အရမ်းကြောက်တယ်။ အဲ့ကလေးလည်းကျွန်တော့ကို ချစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ကျွန်တော်သူ့ကို ဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ သူ ဒုက္ခရောက်မှာကို ကျွန်တော်မလိုလားဘူး။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်နေတဲ့ ကိစ္စကို သူ နားလည်ပါ့မလား။

Chen na!!! မင်းကို Hyung အရမ်းချစ်တယ်။

Chen pov: သူပြုံးလိုက်ရင် ချောမောလှတဲ့ ပါးပြင်ဖက်မှာ ပါးချိုင့်လေးတွေက နေရာယူထားတယ်။မျက်လုံးမှေးမှေးလေးနဲ့ ရိုးသားပြီးချစ်ဖို့ကောင်းတဲ့ ကျွန်တော်ချစ်ရတဲ့သူလေးကတော့ Lay Hyungပါ။ ကျွန်တော်က အငယ်ဆိုတော့ ပြောလို့မကောင်းဘူးလေ။ တော်ကြာ ကျွန်တော့်ကို သူစိတ်ဆိုးသွားမှ.........။ ကျွန်တော်ကြောက်တယ်။ သူ ကျွန်တော့နားက ထွက်သွားမှာကို အရမ်းကြောက်တယ်။

Saranghae Lay hyung!!!

*~*~*~*~*~*~*~*~*~*~*~*~*~*~*

dorm ထဲမှာ အကလေ့ကျင့်ပြီး သွားတော့ ကျန်တဲ့ သူက ထွက်သွားကြပြီ။ Dorm ထဲမှာ ကျန်ခဲ့တဲ့သူတွေကတော့ Chen Baekhyun နဲ့ D.O

Chen က စကားစလိုက်တယ်။

" Baekhyun ah! ငါလေ Lay Hyung ကို ဖွင့်ပြောလိုက်ရင်ကောင်းမလား"

"ဒါတော့ ငါလည်းမသိဘူးလေကွာ ။ မင်းအဲ့လောက်လည်း ကြောက်မနေပါနဲ့ မင်းချစိတယ်ဆိုရင် မင်းဘက်ကစပြောလိုက်ပေါ့" Baekhyun ကရေသောက်နေရင်းနဲ့ ပြန်ပြောလိုက်တယ။်

" ငါကြောက်တယ်ကွ Hyung ငါ့ကိုစိတ်ဆိုးသွားမှာ ငါအရမ်းကြောက်တယ်"Chen နှုတ်ခမ်းလေးကို ထော်ပြီး ပြောလိုက်တယ်

" Hyung က လွယ်လွယ်နဲ့ စိတ်မဆိုးလောက်ပါဘူးကွာ။ အဆင်ပြေသွားမှာပါကွ" DO က ဝင်ပြောလိုက်တော့

Chen မျက်နှာချက်ချင်း ပြုံးသွားပြီး

" ဟုတ်တယ်နော် Hyung က စိတ်မကောက်တက်ပါဘူး ok ဒီည ဖွင့်ပြောလိုက်မယ်"

On The SnowTempat cerita menjadi hidup. Temukan sekarang