ကြမ်းကြုတ်ပြီး တည်ငြိမ်လှသော မျက်နှာထားနဲ့ လူတစ်ယောက်……ထိုလူရဲ့ ရှေ့တွင် အနောက်တိုင်းဝတ်စုံနဲ့ လူများ ခေါင်းမဖော်နိုင်လောက်အောင် ကြောက်ရွံ့နေကြသည်။ထိုလူကြီးရဲ့ ဘေးက လူတစ်ယောက်က "ဆရာ!ကျွန်တော် ရှင်းလိုက်ရမလား"ထိုအခါ ထိုလူကြီးက တည်ငြိမ်အေးဆေးပြီး သြဇာသံအပြည့်ဖြင့် "ရှင်းလိုက်!! သေသပ်ပါစေ"
"Nae"
"မ……မလုပ်ပါနဲ့ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ မလုပ်ပါနဲ့" ခယကာ တောင်းပန်နေသော်လည်း အချိန်နှောင်းသွားလေပြီ ထိုလူရဲ့ တပည့်ဖြစ်သူ သေနတ်အောက်တွင် အတုံးအရုံး လဲကျကာ အသက်နဲ့ခန္ဓာ တစ်ခြားစီ ဖြစ်ရလေတော့သည်။
ထိုအဖြစ်ကို အစအဆုံးမြင်လိုက်ရသော ကောင်လေးတစ်ယောက်……သူ့လက်ထဲမှ လွယ်အိတ်လေး ပြုတ်ကျသွားသည်။ထိုအခါမှ အစောက သွေးအေးအေးနဲ့ လူကြီးက ထိုကောင်လေးကို သတိပြုမိပြီး လှည့်ကြည့်လိုက်သည်။ထိုလူကြီးက မအံ့သြသွားပဲ ထိုကောင်လေးကို လှမ်းကြည့်ကာ "ပြန်လာပြီလား"
"N…Nae" ထိုလူကြီးက အခြားသူမဟုတ် ထိုကောင်လေးရဲ့ မွေးစားအဖေဖြစ်သည်။
"ဒီကိုလာအုံး" သူ့ရဲ့ဖခင်နားသို့ တုန်တုန်ရင်ရင်ဖြင့် လျှောက်လာသည်။
"မင်းဆရာမ ဖုန်းဆက်တယ်…ကျောင်းက ပန်ချီပြိုင်ပွဲမှာ အထူးဆုရတယ်ဆို"
"A…Appa!……အဲ့……အဲ့ဒါက……"ကောင်လေးက ကြောက်လွန်းလို့ အသံတွေပါ တုန်ရီလာသည်။
"Lee Donghae!……………မင်းကိုငါ ဘာပြောထားလဲ" ထိုလူကြီးရဲ့ လေသံက တည်ငြိမ်နေသော်လည်း ရက်စက်မှုတွေ အပြည့်ပါနေသည်။ထိုကောင်လေးလည်း အပြစ်လုပ်ထားသော အပြစ်သားတစ်ယောက်ကဲသို့ ထိုလူကြီးရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး "မှား………မှားသွားပါတယ်Appa……ဒီတစ်ခါပဲ ခွင့်လွတ်ပေးပါ " ထိုလူကြီးက သူ့ရှေ့တွင် ဒူးထောက်ထိုင်နေသော ထိုကောင်လေးလက်ကို ဆွဲကိုင်လိုက်ပြီး "မင်းကို မွေးစားခဲ့တာက ငါ့ရဲ့အမွေကို ဆက်ခံပြီး လူသတ်ဖို့အတွက် အခုထိမင်းကို အသက်ချမ်းသာပေးထားတာ ဟောဒိလက်က လောကကြီးရဲ့ အလှကို ဆွဲဖို့ထားပေးထားတာ မဟုတ်ဘူး " ထိုကောင်လေးက အသနားခံသော မျက်လုံးနဲ့ ကြည့်ပြီး ငိုယိုနေသော်လည်း ထိုလူကြီးကတော့ အရေးစိုက်ပုံမရ……… ထို့နောက် သူ့ဘေးက အရမ်းယုံကြည်အားထားရဆုံး ထိုင်ဝမ်နဲ့ကိုရီးယားစပ်ကြားဟုထင်ရသော တပည့်ဖြစ်သူကို "Han!…" (Han=Hangeng)