Part 6
ရှေ့ခန်းက ကားမောင်းနေတဲ့ Jongin ကတော့ Back မှန် ကနေတစ်ဆင့် ကြည့်ရင်း မျက်နှာပျက်ကာ
ပြိုင်ဘက်တစ်ယောက်တိုးလာပြန်ပြီပေါ့
စိတ်ချပါ Kyungie is Mine ဆိုတာဘဲ ဖြစ်ရမယ်
Kyung Soo ကို ဒီနေ့ကစပြီး အပိုင်ရအောင် ကြိုးစား ရမယ်
¥¥¥¥¥¥¥
Jongin တစ်ယောက် ကားမောင်းနေရာ ကနေ တုံ့ ခနဲ့ လမ်းဘေး ချရပ် လိုက်တာကြောင့် အကုန်လန့်သွားမိသည် အိပ်ပျော်နေတဲ့ KyungSoo ကတော့ မနိုးရှာ
Luhan..wae??ဘာဖြစ်တာလဲ ဘီပေါက်တာလား
Jongin...Arrani...ခေါင်းတွေ မူးလာလို့ အဲဒါ Sehun မင်း မောင်းမလား
Sehun...အင်း ရတယ်လေ မင်း ခန အိပ်လိုက်
Jongin....ငါ နောက်သွား အိပ်မယ် Luhan Hyung ရှေ့လာအိပ်လေ
Luhan..အာ Hyung က ရတယ် ဒါမယ့် Kyungie လေးက
Jongin...ရတယ် ရတယ် ကျွန်တော် လာမှာကို
ဆိုပြီး ပြောလိုက်တော့ သူတို့ နေရာ လဲကြသည် ပြုံးနေတဲ့ Jongin မျက်နှာကိုတော့ ဘယ်သူမှ မမြင်လိုက်ကြ
¥¥¥¥¥¥¥
Jongin တစ်ယောက် နောက်ခန်း ရောက်တော့ ခေါင်းငိုက်စိုက်နေတဲ့ KyungSoo ခေါင်းလေးကို အသာ လေး မကာ သူ့ပုခုံးပေါ် တင်လိုက်ပြီး နှစ်နှစ် ခြိုက်ခြိုက် ပြုံးလိုက်သည်
ခနနေတော့ သူမျက်လုံးမှိတ်စ ရှိသေးတယ် ရုတ်တရက် ရင်တွေ ဗရမ်းဗတာ ခုန်လာရသည် ဟုတ်တယ်လေ KyungSoo က ခေါင်းစောင်းလိုက်တော့ မျက်နှာက သူ့လည်ပင်းကို အပ်လိုက်သလို ဖြစ့်ပီး သူ့ကို နမ်း နေသလိုပင် နှုတ်ခမ်းရော နှာခေါင်းဖျားလေး ရော နှဖူးလေးရော အကုန်လုံးက သူ့လည်ပင်း ပေါ်မှာ KyungSoo ရဲ့ အသက်ရှုသံကိုလည်း သူအနီးကပ် ကြားရနေ သည် သူကတော့ ရင်တွေ တဒုတ်ဒုတ် ခုန်နေတာ ဟော အခု ပိုဆိုးတာက Kyungie လက်နှစ်ဖက် ကသူ့ခါးကို လာရောက် ဖက်တွယ်လိုက်ခြင်းပင် ..အားးးးသူတော့ ရူးတော့မယ် ထင်ပါသည် သူ Crush နေတဲ့သူက သူ့ကို Skinship နေတော့ သူ့ရင်ဘတ်ကြီး ပေါက်ကွဲတော့မည်