Nope; Kyungie is Mine

11.7K 759 3
                                    

Part 1

Kim Jongin နဲ့  Oh Sehun

သူတိ့ ၂​ယောက်​ကို​တော့ ​ထွေ​ထွေ ထူးထူး မိတ်​ဆက်​ ​ပေး စရာလိုမယ်​ မထင်​ ..............နှစ်​​ယောက်​စလုံးက ဒိတ်​ဒိတ်​ကြဲ အသိုင်း အ၀ိုင်းကသူ​တွေ.......သူ တို့ ကို မသိတဲ့သူ မရှိ​လောက်​တဲ့အထိ နာမည်​ ကြီးကြတာ..Kim Jongin ရဲ့အ​ဖေက ကိုရီယား နိုင်​ငံရဲ့ ​လေ​ကြောင်းလိုင်းများစွာကိုပိုင်​ဆိုင်​ထား တဲ့ သူတစ်​​ယောက်​....Oh Sehun ရဲ့အ​ဖေက​တော့ Hotels များစွာကို ပိုင်​ဆိုင်​ ထားတဲ့ သူတစ်​​ယောက်

မိဘ ချင်း လုပ်​ငန်းချင်းက တစ်​​ယောက်​နဲ့ တစ်​​ယောက်​ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ စွာ ဆက်​စပ်​​နေကြလို အ​ဖေ နှစ်​​ယောက်​ကလည်း အရမ်း ကို ချစ်​ကြတဲ့ သူငယ်​ချင်း ၂​ယောက်​........ ဘယ်​​လောက်​ထိ ချစ်​ကြလည်း ဆိုရင်​ မိန်းက​လေး တစ်​​ယောက်​ကို နှစ်​​ယောက်​ပြိုင်​ကြိုက်​မိလို့ အဲ့​ကောင်​မ​လေးက သူတို့ ​2 ယောက်​ထဲက တစ်​​ယောက်​ကို ​ရွေးရင်​ တစ်​​ယောက်​က အသည်းကွဲ ကျန်​​နေမှာ စိုးလို့  ဆိုပြီး နှစ်​​ယောက်​လုံး အ​လျော့​ပေးပြီး အိမ်​က စီစဉ်​​ပေးတဲ့သူ​တွေ နဲ့လက်​ထပ်​ခဲ့ ကြသည်​ အထိ ချစ်​ကြတာ ........အိမ်​​ထောင်​ကျ​တော့လည်း ခြံချင်းကပ်​ရပ်​ ၀ယ်​​နေ ကြ....သားသမီး​တွေလည်း သူတို့လို ချစ်​ခင်​ ရမယ်​ ဆိုပြီး ရည်​မှန်း ထားကြ​ပေမယ့်​ နှစ်​​ယောက်​လုံး က ​မွေးထားတဲ့ သား​တွေက​တော့ တစ်​ဉီးတည်း​သော သားပီပီ ခပ်​ဆိုးဆိုး​တွေ......

Jongin နဲ့ Sehun ...သူတို့ ၂​ယောက်​က တစ်​​ယောက်​ က အဖြု ဆို တစ်​​ယောက်​ ဆို အမည်း.....မျက်​နှာချင်း မဆိုင်​လိုက်​နဲ့ဆိုင်​လိုက်​တာနဲ့ ရန်​ဖြစ်​မယ်​ ဆိုတာချည်း....

နှစ်​​ယောက်​ စလုံး က တစ်​​ယောက်​ တစ်​မျိုးစီ ဆိုးကြတာချည်း...  ဟိုနားမှာ ရန်​ဖြစ်​​နေတယ်​လို့ မကြားမိလိုက်​နဲ့  ​သေချာတယ်​ အဲဒါ သွားကြည့်​ရင်​ Jongin ပါတာချည်း

Sehun တစ်​​ယောက်​က​တော့ ရည်းစား​တွေကို မှိုလို ​ပေါက်​​အောင်​ထား ​ကောင်​မ​လေး​တွေက သိ...... ပြီးရင်​ ပြသနာတက်​.....

Nope;Kyungie is MineWhere stories live. Discover now