Nope; Kyungie is mine
Jongin အခု ဘယ်မှာလဲ ဆိုတာ သာ ပြောပါ ဆိုပြီး Kyungie ထပ်မေးလိုက်တော့
ကျွန်တော် လမ်းထိပ်က ပန်းခြံ ထဲမှာ ဆိုပြီး သူလည်း ဖြေလိုက်တော့
တီ တီ တီ ဆိုပြီး ဖုန်းကာ ကျသွားလေသည်
¥¥¥¥¥¥
Kyung Soo ကတော့ တိုင်မှာ ချိတ်ထားတဲ့ ဂျာကင် လေး ယူကာ လှေကား ပေါ်ကနေ ပြေးဆင်းရင်း အပြေး ထွက်သွားလေသည်
¥¥¥¥¥¥
Kyungie တစ်ယောက် အိမ်ထဲကနေ ပြေးထွက် လာတာ လမ်းထိပ် ရောက်တဲ့ အထိ ....လမ်းထိပ် ရောက်တော့ လည်း ဟောဟဲ ဆိုက်နေတဲ့ သူ့ကိုယ်သူ ဉပေကာ ပြုကာ ပန်းခြံ ထဲ အပြေး ၀င်ပြီး
Jongin ကို ရှာမိသည် ညဘက်ရောက်နေတော့ ပတ်ဝန်းကျင်ကတော်တော် မှောင်နေတာ သူ မနည်း ကို ပတ်ရှာတော့ နောက်ဆုံးတော့ ကလေး ကစားကွင်း သေးသေး လေးထဲက ဒန်းလေး ပေါ်မှာ ထိုင်နေတဲ့ Jongin
သူ အပြေးသွားရင်း Jongin ဆိုပြီး ခေါ်လိုက်တော့
Jongin သူ့ကို လှမ်းကြည့်ကာ ထိုင်နေရာ ကနေ ထလိုက်ပြီး
Kyungie ရ ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ အပြင်မှာ ဒီလောက် အေးနေတာကို ဆိုပြီး သူပြောလိုက်တော့
ဟွန့် သူကကျတော့ ရော ဒီ အအေးကြီးထဲ ဘာထိုင် လုပ်နေတာလဲ ဆိုကာ သူ့ကိုပြန်ကာ မေးခွန်းထုတ်နေတဲ့ Kyungie ရဲ့ ချစ်စဖွယ် ပုံလေးကြောင့်
သူ ခပ်ဖွဖွ ရယ်လိုက်ပြီး
ဒီလို ပါဘဲ တွေးစရာ လေးတွေ ရှိနေလို့ ဆိုပြီး သူပြန်ဖြေ လိုက်သည်
သူ့ အဖြေ ကို Kyungie က ကျေနပ် ခြင်း မရှိဘဲ ဒန်းလေး ပေါ် ၀င်ထိုင်ကာ
ငါ ကတော့ မင်းဘာများ ဖြစ်လဲ ဆိုပြီး အပြေး လိုက်လာတာ မင်းကတော့ ငါ့ ကို အရေးတောင် မလုပ်ဘူးနော် တကယ်ဆို မင်း ဘာဖြစ်နေတယ် ဆိုတာ ငါ့ကို ရင်ဖွင့် သင့်တာပေါ့ ဆိုပြီး သူပြောလိုက်ပေမယ့်