Episode 3

1.3K 135 0
                                        

~~~~~~~~~~~~

Suga's pov

~~~~~~~~

ကျွန်တော် ၁ ညလုံး စဉ်းစားနေခဲ့တယ်... ကျွန်တော် သူ့ကို ချစ်လား မချစ်လား ဆိုတာကိုပေါ့... နောက်ဆုံး ကျွန်တော် အတိတ်က အကြောင်းတွေနဲ့ပါ ဆက်စပ်တွေးနေမိတယ်...

~~~~~~~~~~~~

Suga's flashback

~~~~~~~~~~~~

သူထွက်သွားပြီး နောက် ၁ ရက်... ကျွန်တော် မစားနိုင် မသောက်နိုင် ဖြစ်နေခဲ့တယ်... သူမရှိတော့ ၁ ခုခု ဟာနေသလိုပဲ... မနက်တိုင်း ခုတင်ပေါ် လာလာခုန်ပြီး နိုးတတ်တဲ့သူ... ကျွန်တော် လိုချင်တာ စားချင်တာ သောက်ချင်တာ မှန်သမျှ အမြဲတမ်း ဘေးကနေ လိုက်ဖြည့်ဆည်းပေးတဲ့သူ မရှိတော့ ကျွန်တော် တစ်မျိုးကြီး ခံစားနေရတယ်...

အဲ့ ခံစားချက်ကို သူ ပြန်ရောက်မလာခင်အထိ ခံစားရတယ်... ဒါပေမဲ့ ကျွန်တော် ဘာလို့ သူ့ကို ဒီလို စကားတွေ ပြောထွက်သွားလဲ ဆိုတာ ကိုယ့်ဘာသာကို စဉ်းစားလို့ မရဘူး... Yeon Min နဲ့ ပြတ်သွားပြီး နောက်ပိုင်း ကျွန်တော့်ကို နှစ်သိမ့်ပေးမဲ့ သူ့ကို ကျွန်တော်လိုအပ်လို့ အမြဲတမ်း ပါးစပ်က သူ့နာမည်ကို အော်ခေါ်နေမိတယ်... ကျွန်တော့်ဘေးမှာ သူမရှိတော့ အထီးကျန်သလို ခံစားနေရတယ်... သေချာနေပါပြီ... ကျွန်တော် သူ့ကို တကယ်ကို ချစ်မိနေတာပဲ...

အဲ့လိုနဲ့ နောက်နေ့မနက် ၈ နာရီလောက် ကျွန်တော် Ji Hye အိမ်ကို ထွက်လာခဲ့တယ်... Ji Hye အိမ်ရှေ့ရောက်တော့....

~~~~~~~~~~~~~~

JHope's pov

~~~~~~~~~

ကျွန်တော် မနက်စောစော ၇ နာရီလောက် ပြင်ဆင်ပြီး Ji Hye အိမ်ကို ထွက်လာခဲ့တယ်... ကျွန်တော် bell တီးလိုက်တော့ သူ့အမေ လာဖွင့်ပေးတယ်...

Ji Hye's omma's pov; ဟမ်... Jung မိသားစုရဲ့သားက ဒီကို ဘာလာလုပ်တာလဲ? သူတို့ မင်္ဂလာကိစ္စကို သူတို့သားကို ပြောလိုက်ပြီလား?

Ji Hye's omma : ဘယ်သူနဲ့ တွေ့ချင်လို့လဲ?

Ho Seok : ကျွန်တော် Park Ji Hye နဲ့တွေ့ချင်လို့ပါ... သူ မနေ့က ခြေထောက်မှာ ဖန်စရှသွားတာကို ကူညီပေးလိုက်ပါတယ်... အဲ့ဒါ သက်သာလား လာမေးတာပါ။

As U Wish //COMPLETED//Donde viven las historias. Descúbrelo ahora