1.ㅏ အာ
2.ㅑ ယာ
3.ㅓ အော်
4.ㅕယော်
5.ㅗ အို
6.ㅛ ယို
7.ㅜ အူ
8.ㅠ ယူ
9.ㅡ အွတ်
အွတ် သရ ဆိုတဲ့အခါမှာ အပေါ်နှုတ်ခမ်းကိုထော်လိုက်ပြီ
နှာခေါင်းနဲ့အဲဒီအပေါ်နှုတ်ခမ်းကြားမှာ
ဘောပင်ဖြစ်ဖြစ် ခဲတံဖြစ်ဖြစ်တစ်ချောင်းစာနေရာအထိ
ရအောင်ထော်ပြီး ထွက်လာတဲ့အသံက မှန်တယ်လို့
သင်ခဲ့တဲ့ဆရာမတစ်ယောက်ကပြောဖူးပါတယ်
ကဲ အားလုံးပဲ ထော်နိုင်ကြပါစေနော်10.ㅣအီ
အခုအပေါ်က သရတွေကအခြေခံသရတွေပဲဖြစ်ပါတယ်
အားလုံးပေါင်း ၁၀ လုံးနော်****အကုန်လုံးကို[ အ ]ဗျည်းနဲ့ပေါင်းထားလို့ အာ,ယာ,......အီ
ဆိုပြီ အသံထွက်ပေးတာပါနော်ကျန်တဲ့ဗျည်းတွေနဲ့ပေါင်းရင်တော့ တခြားအသံထွက်ရမှာပါ
ဥပမာ [ဂ]ဗျည်းနဲ့ပေါင်းရင်
가 ဂါ,
갸 ဂယာ,
거 ဂေါ်,
겨 ဂယော,
고 ဂို,
교 ဂယို,
구 ဂူ,
규 ဂယူ,
그 ဂု,
기 ဂီ ဆိုပြီး
အသံထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခေါက်ကျမှ
ကျန်တဲ့ဗျည်းတွေနဲ့သရတွေ
ပေါင်းထားတဲ့ဗျည်းနဲ့သရပေါင်းတွေကို
ထပ်တင်ပေးပါမယ်ဗျည်းကို Korea ဘာသာစကားနဲ့
**[ဂျာအွန်းမ်=자음]** လို့ခေါ်ပါတယ်သရကိုတော့ **[မိုအွန်းမ်=모음]** လို့ခေါ်ပါတယ်
ပထမတစ်ခေါက်က တင်ထားတဲ့
ဗျည်းတွေရဲ့ရေးနည်းတွေကို
ပုံလေးနဲ့တကွတင်ပေးထားပါတယ်နော်
အဲဒါကြောင့် ရေးနည်းလေးတွေကိုလည်း
မှန်မှန်လေးရေးပြီးကျက်ပေးကြပါဦး
ကိုယ့်မြန်မာဘာသာစကားကိုလည်း
နိုင်ငံခြားသား|သူတွေပြီးစလွယ်ရေးနည်းတွေနဲ့
ရေးတာတွေကို မြင်ရင်မကြိုက်ကြပါဘူး
အဲဒါကြောင့် သူများဘာသာစကားကို
လေ့လာတာဆိုတော့
အမှားတွေမရှိအောင်နဲ့
ရေးနည်းတွေကိုပြီးစလွယ်မရေးဘဲ
သတ်မှတ်ထားတဲ့ရေးနည်းရေးဟန်လေးတွေနဲ့
ရေးပေးကြပါဦးလို့တောင်းဆိုလိုပါတယ်နောက်နေ့ နောက်နေ့များကျရင်တော့
ဆင့်ပွားသရတွေ လာမယ်နော်
နည်းနည်းတောင်ရှည်သွားပြီပထမတစ်ခေါက်ကတင်ထားတဲ့ဟာက
မှားပြီးDelete လုပ်လိုက်မိလို့
အခုအစကနေပြန်ပြီးတော့တင်ပေးထားပါတယ်နော်
ပထမတစ်ခေါက်ကဟာကို
Remove လုပ်လိုက်ပါဦးနော်ဆက်တင်ဖို့ပြောပေးတဲ့READER 'NIM
VOTE ပေးတဲ့ READER 'NIM
SILENT READER 'NIM တွေ여러분 감사합니다
အားလုံးကိုကျေးဇူးတင်ပါတယ်
EVERYBODY THANK YOU