Morning
ting tong...ting tong
lu's omma ဘဲလ်သံကြားသောကြောင့် တံခါးသွားဖွင့်လေသည်
lu's omma:မနက်စောစောစီးစီဘယ်သူလဲမသိဘူး
တံခါးဖွင့်လိုက်ရာ
lu's omma: 0-0 sehun သား! ဘယ်လိုဖြစ်ပြီး
sehun: luလေးရှ်လားဟင် ommonyi
lu's omma : ရှိပါ့ရှင့် ရှိပါ့ အခုထိမနိုးသေးဘူး သားသွားနိုးလိုက်ပါလား omma မနက်စာပြင်ရအုံးမှာမို့လို့ နော်သား
sehun.: ဗျာ ဖြစ်ပါ့မလား ကျနော့ကိုအော်လွှတ်နေအုံးမယ်
lu's omma : ရပါတယ်သားရယ် သွားလိုက်ပါ
sehun: ဟုတ် ဟုတ်ကဲ့
sehunတစ်ယောက်အရမ်းကိုစိတ်လှုပ်ရှားနေသည် luနိုးသွားမှာစိုး၍ တံခါးကိုဖြေးဖြေးချင်းဖွင့်လိုက်သည် hk hk အိပ်နေလိုက်တာ စောင်ပုံထဲမှာမြှပ်နေတာပဲ ဝတ်ထားတာကလည်းညအိပ်ဝတ်စုံHello kitty လေးနဲ့ sehun luhan အိပ်ရာပေါ်မှာဘေးတစောင်းထိုင်ကာ luhan အိပ်နေတဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေမိသည် နှုတ်ခမ်းဖူးလေးကပွစိပွစိနဲ့ဘာတွေပြောနေမှန်းမသိ ကြည့်ရင်းအသည်းယားလာသောကြောင့် sehun luhanကို နှုတ်ခမ်းချင်းထိကပ်လိုက်သည် တော်တော်နဲ့ပြန်မလွှတ်မိ စွဲမက်စရာကောင်းလှသောluရဲ့နှုတ်ခမ်းကိုအပေါ်နှုတ်ခမ်းကိုတလှည့် အောက်နှုတ်ခမ်းကိုတလှည့် ငုံကာနမ်းရှိုက်နေမိသည် luhan အိပ်မက်ထဲမှာ sehunဆိုတဲ့ကောင်ကငါ့ကိုနမ်းနေတယ် အသက်ရှုကျပ်လာသောကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ
luhan 's prov
ငါ့ကိုတကယ်ကြီးနမ်းနေတာပဲluhan လန့်သွားကာsehunကိုကုတင်ပေါ်မှဆောင့်ကန်လိုက်သည်
lu: မင်း မင်း အဲ့တာဘာလုပ်တာလဲ မင်းဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေတာလဲ
sehun: baby ရာ ဖြည်းဖြည်းကန်တာမဟုတ်ဘူး အား နာလိုက်တာ
lu: မင်းငါပြောတာဖြေအုံးလေကွာ
sehun : စိတ်လျော့ပါကွာ ommonyi ကကိုယ့်က်ုအိပ်ရာသွားနိုးပေးပါဆိုလို့လာတာ ရောက်တော့အိပ်နေတဲ့ပုံလေးကအရမ်းချစ်ဖို့ကောင်းလို့ မနေနိုင်လို့နမ်းတာ ဘာဖြစ်လို့လဲ
lu: bawww!!!!
sehun: မင်းနှုတ်ခမ်းလေးကတော်တော်ချိုတာပဲ ထပ်တောင်နမ်းချင်လာပြီ ဟိ
lu ရေချိုးခန်းထဲ ကိုမြန်မြန်ပြေးဝင်လာရသည် တော်ကြာတစ်ခုလုပ်နေမှဖြင့်luhan ကျောင်းသွားဖို့ပြင်ဆင်ပြီး အောက်ကိုဆင်းလာတော့ ကို sehunက appa နဲ့ စကားဖောင်ဖွဲ့နေလိုက်တာကြည့်လို့ကိုမရဘူး
sehun: ဟော lu တောင်ဆင်းလာပြီ
appa: သားကလည်းမြန်မြန်မလာဘူး sehun စောင့်နေရတာအားနာစရာကြီး
luhan: အားမနာနိုင်ပါဘူး သူ့ဘာသာသူစောင့်ချင်လို့စောင့်နေတာပဲ စောင့်ပေါ့
appa: သား အဲ့လိုမပြောရဘူးလေကွာ
sehun: ရပါတယ် appugyi
lu: appa omma သားကျောင်းသွားပြီ
omma: မနက်စာစားသွားအုံးလေ
lu: တော်ပြီ omma သားစားချင်စိတ်မရှိဘူး သွားတော့မယ်
luhan မျက်နှာရှစ်ခေါက်ချိုးနဲ့ အိမ်ပြင်ကိုသုတ်သုတ်ထွက်သွားလေသည် အဲ့တော့ sehunလည်း မိဘတွေကိုနှုတ်ဆက်ပြီအမှီလိုက်ရတော့တာပေါ့ မိဘတွေတော့သူတို့ကိုကြည့်ရင်းတပြုံးပြုံးနဲ့