" အေး ပြော ကလေးရော ကလေးကိုတွေ့ပြီလား ဟေ့ရောင် မေးနေတယ်လေကွာ
ဘာ!!!!!!! အေး ငါ အခုလာခဲ့မယ် "" ဘာမှမဖြစ်လိုက်ပါနဲ့ ကလေးရာ "
Lu ကိုရှာဖို့ခိုင်းထားတဲ့သူဆီက ဖုန်းရတာ နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သလိုပဲ ဆေးရုံမှာတဲ့ ဘာတွေဖြစ်ခဲ့လဲတော့ ကျနော်မသိ
ဆေးရုံသွားတဲ့လမ်းတောက်လျှောက်လုံး ဆုတောင်းနေရသည်.............................
" Luhan နဲ့တွေ့ချင်လို့ပါ အခု သူဘယ်မှာလဲဟင် အရမ်းဒဏ်ရာရသွားသေးလား စိတ်တွေပူလွန်းလို့လို့ပါဗျာ ပြောပြပါဗျာ "
ဆေးရုံရောက်ရောက်ချင်း စိတ်ထဲရှိသဗျာ ဆက်တိုက်ပြောနေမိသည်
" ဖြေးဖြေးပြောပါရှင် အခန်း 102 ကိုသွားလိုက်ပါ ဒဏ်ရာကတော့ စိုးဂိမ်စရာမရှိတော့ပါဘူး လန့်ပြီး သတိမေ့သွားတာပါ လက်တော့ ထိထားတယ်ရှင့် "" ကျေးဇူးပါဗျ "
ပြောလည်းပြော အဲ့အခန်း ကိုအပြေးအလွှားသွားလိုက်မိသည် ဘယ်လောက်တောင် လန့်နေလိုက်မလဲ" lu! "
အခန်းကို ဝင်ဝင်ချင်းကြည့်လိုက်မိတော့ အိပ်မောကျနေတဲ့ကလေးကိုတွေ့လိုက်ရသည်
နိုးလာရင် ကိုယ်ဘယ်လိုရှင်းပြရမလဲ lu ရယ် Lu ထင်နေတာတွေမဟုတ်ဘူးဆိတာ ကိုယ်ရှင်းပြပါမယ် တစ်ခုပဲ ကိုယ့်ကိုတော့ မစိမ်းကားလိုက်ပါနဲ့ကွာ
ဒဏ်ရာရထားတဲ့လက်ကလေးကိုဖြေးညှင်းစွကိုင်ကာ မျက်ရည်များကို လွတ်လပ်စွာ စီးဆင်းစေလိုက်သည်.................
" Emmmm
luhan ငြီးတွားရင်း မျက်လုံးကိုဖြေးဖြေးဖွင့်လိုက်သည် ထိထားသောလက်မှနာကျင်မှုကဆစ်ကနဲ့ကိုက်သွားသည် ဘေးးဘက်ကိုကြည့်လိုက်တော့" hmm ဟိုလူကြီး? သူကဘယ်လိုလုပ်ဒီရောက်နေတာတုန်း "
ကြည့်နေတုန်းပင် sehun လူးလိမ့်ပြီးနိုးလာသည်
" ဟင် lu နိုးလာပြီလား ဘယ်နားနာနေသေးလဲ ကိုယ် ဆရာဝန်သွားခေါ်လိုက်အုံးမယ်နော် "
ကပြာကရာနှင့် ထွက်သွားလေရဲ့
" oj sehun ခင်ဗျားရဲ့ ဟန်ဆောင်ဂရုစိုက်မှုတွေကိုထပ်ပြီးမလုပ်ပြနဲ့တော့ဗျာ ကျနော မခံစားနိုင်လို့ပါ " ဝမ်းနည်းမှုကိုထိန်းဖို့ မျက်စိကိုအသာအယာမှိတ်လိုက်သည်.................."
" dr. သေချာကြည့်ပေးပါအုံးဗျာ တခြားဘယ်နေရာထိသွားသေးလဲလို့ သက်သာမှာရောသေချာရဲ့လားဗျာ "