Someone 'pov : ကျနော်က ဘာလဲ ? အရမ်းအရောင်ဖျော့နေတယ် အသားအရောင်က ဖြူစုတ်စုတ်နဲ့ အစားကောင်းကောင်းစားရမယ် ကျန်းမာလာအောင်လို့ ... ကျနော် လူတွေနဲ့ စကားပြောပြီး ဆက်သွယ်ချင်တယ် ဒါပေမယ့် မပြောနိုင်ဘူး ဘာလို့လဲ ??? အော် ဟုတ်တာပေါ့ ကျနော် သေသွားပြီ ကျနော်ပြောချင်တာ ကျနော်တို့ အကုန်လုံးက သေပြီးသားတွေ ကျနော့်ပတ်ဝန်းကျင်က လူတွေကလည်း လူသေတွေ ... ကျနော်ကိုယ့်ကိုကိုယ် မိတ်ဆက်ချင်တယ် ဒါပေမယ့် ကျနော့်နာမည်ကို မမှတ်မိဘူး ကျနော့်နာမည်မှာ Yeol ပါတာကိုတော့ သိတယ် အပြည့်အစုံ မမှတ်မိဘူး မိဘ အလုပ်အကိုင် နေရပ်လိပ်စာ ကျနော် ဘာမှ မသိတော့ဘူး ကျနော် မှတ်မိတာက အရင်က ကပ်ဆိုးကြီးတစ်ခုဖြစ်ခဲ့တယ် အမျိုးအမည်မသိတဲ့ Virus တစ်မျိုး ပျံ့နှံ့သွားပြီး အဲ့ Virus ကူးစက်ခံရတဲ့လူတွေက အသားအရေတေ ပိတ်ချုံးလှိပြီး မဲခြောက်ခြောက် အရိုးခြောက်ဆန်ဆန် အကောင်ကြီးတေ ဖြစ်ကုန်တယ် အဲ့အကောင်ကြီးတေက ကျနော်တို့လို လူတေ ကို စားပစ် အင်းးးး လူ ? အရင်တုံးကပေါ့ဗျာ အခုတော့ ကျနော်က ...... အရင်တုံးက ဒီ့ထက်ပျော်စရာကောင်းပါလိမ့်မယ် အနည်းဆုံးတော့ သူတို့က ဘယ်သူဘယ်ဝါ ပြီးတော့ ခံစားချက်တွေကို သူငယ်ချင်းတွေနဲ့ ရင်ဖွင့်နိုင်တယ်လေ ဒါပေမယ့် အခုတော့ ............
ကျနော်တို့လို လူသေတွေ အများစုက လေဆိပ်မှာ နေတယ် ဘာလို့လဲတော့ ကျနော် မသိဘူး ကျနော် ထင်တာ အသတ်ခံရပြီး တဖန်ပြန်နိုးထလာတဲ့နေရာ တနည်းအားဖြင့် ပြောရရင် အသတ်ခံရတဲ့နေရာက သူတို့နေရပ်ဖြစ်သွားတယ် ထင်တာပဲ ကျနော့်အထင် ကျနော်က ဒီလေဆိပ်မှာ အသတ်ခံရတယ် ထင်တယ် Arr ... ဟိုထောင့်မှာ လူတစ်ယောက်ကို သဲကြီးမဲကြီး စားနေကြတဲ့ ကုန်းကုန်းကုန်းကုန်း နဲ့ အကောင်ကြီး ၃ ကောင်ကို တွေ့လား ? သူတို့ကို Boney (ဘွန်နီ) လို့ ခေါ်ကြတယ် ကျနော်ပြောတဲ့ အရိုးခြောက်ကောင်ကြီးတေဆိုတာ သူတို့ပေါ့ သူတို့က နှလုံးခုန်တဲ့သူတိုင်းကို စားတယ် အဲ ကျနော်လည်း ဒီလိုပါပဲ ရွေးချယ်စရာ မရှိလို့သာ စားသာစားရတာ ကြိုက်လှချည်ရဲ့လို့လည်း မဟုတ်ပါဘူး ... ရောက်ပြီ (Bar လိုမျိုး) ထိုင်ခုံပေါ်မှာ ထိုင်ပြီး လက်၂ ဖက်ကို ကောင်တာပေါ်တင်ထားတဲ့ လူသေတစ်ယောက် ဘေး ကျနော်ဝင်ထိုင်လိုက်တယ် ဒါကျနော့်အကောင်းဆုံး အခင်ဆုံး သူငယ်ချင်း အဲ နာမည်က ? သူပြောတာတော့ သူ့နာမည်က K နဲ့စတာတဲ့ K ပဲ မှတ်မိတယ်တဲ့ ကျနော်တို့ ဒီနေရာမှာ ထိုင်ပြီး မကြာခဏ စကားပြောဖြစ်ကြတယ် စကားသာဆိုတယ် ငြီးတွားသံလိုလို လှိုဏ်ခေါင်းသံလိုလို ဒါပေမယ့် ဒါကကျနော်တို့ရဲ့ ဘာသာစကားပဲလေ တစ်ခါတလေ တော့ တကယ့်စကားပြောဖြစ်တယ်ဗျ ပြောလည်းပြောနိုင်တယ် တကယ့်စကားပြောနိုင်ဖို့ကို နည်းနည်းတော့ အားယူရတယ် အခြားလူသေတွေ စကားပြောတာတော့ ကျနော် မကြားမိဘူး ကျနော့်သူငယ်ချင်းနဲ့ ကျနော် ၂ ယောက်ပဲ ပြောနိုင်တယ် ထင်တာပဲ ဒါ့ကြောင့်လည်း အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြတာပေါ့