Yeol ' Pov :
ကျနော်တို့ အနံ့ခံရင်းး အခန်းတစ်ခန်းရှေ့ရောက်လာကြတယ် ဘေးက ကျနော့်သူငယ်ချင်း K ကို ကြည့်လိုက်တော့ လှုပ်တယ်ဆိုရုံလေး ခေါင်းငြိမ့်ပြသည် ဒီအခန်း သေချာတယ်ဆိုတဲ့ သဘော ကျနော်လည်း ခွင့်ပြုချက်ရသလို မျက်စိရှေ့မှာ ရှိနေတဲ့ အခန်းတံခါးကို ကိုယ်လုံးနဲ့ ပြေးတိုက်ဖွင့်လိုက်တယ် ဝုန်းခနဲ တံခါးပွင့်သွားပြီးး ကျနော်တို့တွေ ဆာလောင်နေတဲ့ မြေခွေးတွေလို အုပ်စုလိုက် အထဲကို မာန်ဖီလျက် ဝင်သွားတယ် ကျနော့်သူငယ်ချင်း K ကတော့ တံခါးနဲ့အနီးဆုံးမှာ ရှိတဲ့ လန့်သွားပုံရပြီး လှည့်ပြေးမယ့် စစ်သားတစ်ယောက်ဆီ ပြေးသွားတယ် ကျနော်လည်း အဲ့တချက်ကိုတော့ နားမလည်နိုင်ပါဘူး ကျနော်တို့က သာမာန်အချိန်ဆို မပြေးနိုင်ဘဲ တုံ့နှေးတုံ့နှေးနဲ့ လမ်းလျှောက်ပေမယ့် ကိုယ့်အစာရှေ့ရောက်ရင် ဘယ်က အားတွေ ထွက်လာမှန်း မသိဘဲ သွေးဆာနေတဲ့ မြေခွေးတစ်ကောင်လို ပြေးနိုင်တယ် တကယ့်လူအစစ်လိုတော့ အားနဲ့ အရှိန်နဲ့တော့ မပြေးနိုင်ဘူးပေါ့ဗျာ အကုန်လုံး ကိုယ့်ဝေစုနှင့် ကိုယ် အောင်နိုင်ဖို့ ကြိုးစားနေတာကို ကျနော် တွေ့ရတယ် ကျနော်လည်း ကျနော့်အစာကို ရှာဖို့ မျက်လုံးတချက် ကစားလိုက်တယ်
ဟော …… ကျနော့်သားကောင်ကို တွေ့ပြီ ဆံပင်အနီရောင်လေးနဲ့ အသားဖြူဖြူ ကောင်မလေးတစ်ယောက် မြေပေါ်မှာ ဒူးတစ်ဖက်ထောက်ထိုင်ပြီး ကျနော်တို့ကို သူမလက်ထဲက သေနတ်နဲ့ ပစ်သတ်ဖို့ ကြိုးစားနေတယ် ကျနော် တခုတွေးမိတယ် သူမ တကယ်ကို လှတယ် ကျနော် ဘယ်လောက်ပဲ ဆာလောင်နေပါစေ ဒီလောက်လှလွန်းတဲ့ သူမကို ရက်ရက်စက်စက် မစားရက်ဘူး ကျနော့်စိတ်ထဲမှာ တမျိုးပဲ ကျနော့်ရဲ့ ဦးနှောက်က သူမကို စားဖို့ အသိပေးနေပေမယ့် ဘယ်ဘက်ထောင့်တနေရာက သူမကို မစားဖို့ ကာကွယ်ပေးဖို့ ပြောနေသလိုပဲ အဲ … ?? အဲ့ဒါ အဲ့ဒါ အချစ်လား ?? Hk Hk မဖြစ်နိုင်တာ ကျနော်တို့လို Zombie တွေမှာ ခုန်နိုင်တဲ့ သွေးရောင်သမ်းနေတဲ့ နှလုံးသားမှ မရှိတာ သွေးမလည်ပတ်နိုင်တော့တဲ့ မဲညစ်နေပြီး ငြိမ်သက်နေတဲ့ နှလုံးသားတစ်ခုပဲ ရှိတယ် ဘယ်လိုလုပ်အချစ်ဆိုတာ ဖြစ်ပေါ်လာနိုင်မှာလဲ ? ကျနော် သူမဆီ တည့်တည့်မတ်မတ်လျှောက်သွားလိုက်တယ် …… သူမနဲ့ နီးနီးကပ်ကပ် ရှိနေချင်တဲ့ ရည်ရွယ်ချက် တခုတည်းနဲ့ပါ …
![](https://img.wattpad.com/cover/54605243-288-k739356.jpg)