"ဟဲ့ကောင်... Park Chanyeol ..
မထသေးဘူးလား??
နေဖင်ထိုးနေပြီ "Carema ကြီးကိုင်ပြီး ကုတင်ပေါ်မှာ ခြေကားယား လက်ကားယား အိပ်နေတဲ့ တူတော်မောင်ကို Company မသွားခင် နိုးသွားရသေး..
ကုတင်ဘေးမှာလည်း Telescope ကြီးက ပြတင်းပေါက် ဘက်သို့ မျက်နှာမူလျက်..** ဘာလား?? ညက Telescope ပါယူသွားတာလား? **
ဒင်းက ကျုပ်အော်တာတောင် တုတ်တုတ် မလှုပ်.."Yah!! Park Chanyeol "
ခေါင်းအုံးနဲ့ ပိတ်ထုလိုက်မှပဲ..
"5 minutes... 5 minutes.."
"5 minutes လည်း မရဘူး
10 minutes လည်း မရဘူး..
အခုထစမ်း..""AR!! Samchom..Jalba..
ခဏလေးပါ.. ခဏလေး....""ဟဲ့ကောင်.. ငါက Company ကို အချိန်မှန် သွားတာနော်...မင်းမနိုးရင်ထားခဲ့မှာ..
မင်းကျောင်းကို မင်းဘာသာသွား""............."
နောက်တော့လည်း Galaxy ကြီး တစ်ယောက်
လက်မြှောက် အရှုံးပေးလိုက်ရပါတော့တယ်..တူတော်မောင် Chanyeol ကို စောင်ပြန်ခြုံပေးလိုက်ပြီး Company ကိုသွားလေရဲ့
======== One Day ========
Park Chanyeol ဆိုတဲ့ ကျွန်တော်က မနက်စောစော မထနိုင်ဘူးဗျ။
အမှန်တိုင်း ဝန်ခံရရင် ညက အိပ်လို့မရဘူး ဖြစ်နေတယ်..
လူက ကုတင်ပေါ်မှာ.. ဒါပေမယ့် စိတ်က ByunBaekki ဆိုတဲ့ ကောင်မလေးဆီမှာ..အိပ်ယာပေါ်မှာလည်း ဟိုလှည့် ဒီလှည့်နဲ့ မနက် 3:00
လောက်မှ အိပ်ပျော်သွားတယ်.. မျက်ကွင်းတွေလည်း ချိုင့်နေပြီး..လူလည်း ပန်ဒါ လုံးလုံး ဖြစ်နေပြီ ..အဟက်.. ကျွန်တော့် အဖြစ်ကရယ်ရတယ်နော်... အချစ်က ဆန်းကြယ်နေလို့ပဲလား??
ဘာပဲဖြစ်ဖြစ် ညက ဇွဲ၊လုံ့လ ဝီရိရ နဲ့ ကြိုးစားအားထုတ် ပြီး
ရိုက်လာခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ဦးမယ်..ကုတင်ပေါ်မှာ ထိုင်ပြီး ပုံတွေ ပြန်စစ်ဆေးလိုက်တော့..
** အမယ်.. တယ်တော်တဲ့ ငါပါလား?? **