ဘာအဝတ်အစားမှ မရှိတော့တဲ့Kyungsooရဲ့ ခန္ဓာကိုယ်သေးသေးလေးကို သူခပ်တင်းတင်းလေးဖက်ထားမိတယ်.. အပေါ်ကလွှားထားတဲ့စောင်အဖြူရောင်လေးရဲ့အောက်မှာ သူ့တို့ခန္ဓာကိုယ်၂ခု ထပ်တူကျနေပြီလေ.. Junmyeonရဲ့လှုပ်ရှားမှုတွေမြန်လာတာကြောင့် Kyungsooဆီက ညည်းသံသဲ့သဲ့ထွက်လာတယ်..
"အရမ်းနာနေလား ကိုကိုရပ်လိုက်ရမလား" Junmyeonစိုးရိမ်တကြီးနဲ့ သူ့အောက်ရောက်နေတဲ့Kyungsooကို မေးလိုက်တယ်
Kyungsooဆီက ဘာစကားသံမှ ထွက်မလာ.. ဒါပေမယ့် အဆင်ပြေပါတယ်ဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြတယ်.. ပြီးနောက် မှောက်လျက်အနေအထားက အနောက်ဘက်ကိုလှည့်လိုက်ရင်း Junmyeonလည်ပင်းကို လှမ်းဆွဲပြီး သူတို့၂ယောက်ရဲ့နှုတ်ခမ်းတွေကို ထိကပ်စေလိုက်တယ်.. ခန္ဓာကိုယ်အောက်ပိုင်းကို ပိုအဆင်ပြေလောက်မယ်ထင်တဲ့ အနေအထားကို Kyungsooရွှေ့လိုက်ရင်း ဆက်သွားပါဆိုတဲ့ အချက်ပြလာတယ်
လိုအပ်တာထက် ပိုတိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူတို့၂ယောက်ရဲ့ညည်းသံနဲ့ အသားချင်းထိလို့ထွက်လာတဲ့အသံ တခါတလေ ခုတင်လှုပ်လို့ထွက်လာတဲ့အသံကလွဲလို့ ဘာအသံမှမကြားရ.. မိုးစဲသွားပေမယ့် မိုးစက်တွေတချို့ကတော့ ပြူတင်းပေါက်ကိုလာရိုက်နေတုန်းပဲ..
"ကိုကို.. " ဝင်လေထွက်လေ စည်းချက်မှန်အောင် ရှူနေရင်း Kyungsooခေါ်လိုက်တဲ့အသံ.. တခြားအချိန်တွေမှာ ခေါ်တဲ့အသံထက် တပ်မက်မှု ပြင်းရှုမှုတွေတော့ ရောထွေးပြီး ပါနေလေရဲ့..
"အင်း.. " Junmyeonခဏလောက်ငြိမ်လိုက်ရင်း ပြန်ထူးလိုက်တယ်
"ဒီနေ့ညပြီးသွားရင် ကိုကို ကျွန်တော့်ဘဝထဲမှာ တသက်လုံးပြန်မပေါ်လာတော့ဘူးမလား"
"Sooရယ်.. ခဏလောက်မေ့ထားလို့မရဘူးလား"
"ကျွန်တော့်ကို ကိုကိုမရှိတဲ့ရက်တွေမှာ ဘယ်လိုပုံစံနဲ့ဖြတ်သန်းစေချင်လို့ တယောက်ထဲထားခဲ့မှာလဲ.. ကျွန်တော်လိုက်လာရင်လည်း ကိုကို ကျွန်တော့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး.. ကျွန်တော်ဘာလုပ်ရမှာလဲ"
မှောက်လျက်ဖြစ်နေတဲ့ Kyungsooရဲ့ခန္ဓာကိုယ်ကို သူနဲ့မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် Junmyeonလှည့်လိုက်တယ်.. နာကျင်မှုကြောင့် Junmyeonပခုံးမှာတင်ထားတဲ့ သူ့လက်တွေက Junmyeonကို အနည်းငယ်ကုတ်ခြစ်မိစေတယ်.. ဝမ်းနည်းမှုကြောင့် တုန်နေပြီး မျက်ရည်ကျမတတ်ဖြစ်နေတဲ့ Kyungsooကို Junmyeonဖက်လိုက်တယ်.. ဒီအချိန်မှာ တောင်းပန်ပါတယ်ဆိုတဲ့စကားလည်း သူမပြောချင်တော့.. မှားခဲ့တယ်လို့ပြောဖို့အတွက်လည်း သူပြန်လာမယ်လို့ဆုံးဖြတ်ခဲ့တဲ့စိတ်ကို သူနောင်တမရ.. အနည်းဆုံးတော့ သူ့အချစ်တွေကို Kyungsooသိအောင် သက်သေပြနိင်ခဲ့တယ်.. သူ့ကိုလည်း Kyungsooဘယ်လောက်ချစ်တယ်ဆိုတာ Junmyeonသိလိုက်ရတယ်..
YOU ARE READING
Rain Drop On Earth
FanfictionIf you have a chance to Come back to your love but only 14days to prove how much you love that person.. A story between Junmyeon and Kyungsoo.. The one who sacrified for love.. The one who wanna sacrify for love.. # Love won't die even when the p...