Episode 2

1.6K 140 6
                                    

အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိ..၃နာရီရောက်တော့.. Chanyeol..Baekhyunကို လာခေါ်မှပဲ ညနေစောင်းမှန်းသိတော့တယ်..

''Kyungsoo..မင်းလည်းရုံးဆင်းတော့လေ..ညဘက်တာဝန်ယူမယ့်သူကိုစောင့်မနေနဲ့..ဆေးခန်းဝင်ပြဦး..'' Baekhyunက သတိလှမ်းပေးတယ်..

Kyungsooလည်း ပစ္စည်းတွေသိမ်းရင်း ခေါင်းငြိမ့်ပြလိုက်တယ်..

........

''တော်တော် တိုးတက်လာပြီပဲ အ၇င်လိုမမောတော့ဘူးမလား..'' Dr.Minho က Kyungsoo ကို စမ်းသပ်ရင်း မေးလိုက်တယ်..

"ဟုတ်.. လူကောင်းနီးပါး ဖြစ်လာပါပြီ..တချက် တချက်တော့ ရင်ဘတ်အောင့်သေးတယ် ဆရာ"

"ခွဲစိတ်မှုက အောင်မြင်တယ်ဆိုပေမယ့်..ဆရာတို့လည်း မင်းကိုသေမင်းဆီက မနည်းပြန်လုထားရတာ.. ဂရုစိုက်ပေါ့ကွာ.. သူပေးထားတဲ့ အသက်ဆိုတော့..ကိုယ် ပိုင်တာထက် ပိုတန်ဖိုးထားရမယ်.."

"ဆရာတို့ရော သူဘယ်သူလဲ မသိဘူးလား.." Kyungsoo ပဟေဠိဖြစ်နေတဲ့ ကိစ္စတခုကို မေးလိုက်တယ်..

"အဲ့တုန်းက ဆ၇ာတို့လည်း မင်းကို အသက်လုနေရတဲ့အချိန်ဆိုတော့..လက်ခံလိုက်ပေမယ့် မမေးမိလိုက်ဘူး.. သွားယူတဲ့သူတွေထဲမှာ Suhoပါတော့..သူသိမှာ..." Dr.Minhoက ပြောလိုက်စ စကားကို ရပ်ပြီး Kyungsooမျက်နှာကို ကြည့်လိုက်တယ်.. ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်မှာ မျက်နှာကဖြူဖတ်ဖြူရော်နဲ့.. လေတိုက်ရင်တောင် အခြေမခိုင်မယ့်ပုံ...

"ပြီးခဲ့တာတွေလည်း ပြီးပြီကွာ..လက်ရှိဘ၀မှာ ပျော်အောင်သာနေ.. အစားလည်းမှန်မှန်စား.. အားတဲ့တနေ့.. ကိုယ်တို့အိမ်လာပြီး Dinnerလာစားပေါ့ကွာ.. JongHyunက ဟင်းအမယ်အသစ်တွေ သူ့ဟိုတယ်အတွက် လုပ်ထားတယ်.."

Dr.Minho နဲ့ Mr.JongHyunက အကို့ရဲ့ အခင်ဆုံးသူငယ်ချင်းတွေ.. Kyungsooနေမကောင်းတဲ့ တောက်လျောက် Suhoနဲ့ အတူတူ ပြုစုပေးခဲ့ကြတဲ့သူတွေ.. သူ့ရဲ့ကျေးဇူးရှင်တွေပါ..ဒါပေမယ့်.. သူတို့ကို မြင်တိုင်း အကို့ကိုသတိရလို့.. ဆေးစစ်ရုံကလွဲပြီး..Kyungsooမတွေ့ဘူး..

"ဟုတ်.. ကျွန်တော်အားရင် လာခဲ့ပါ့မယ်.."Kyungsoo လည်း နှုတ်ဆက်ရင်း ထွက်လာခဲ့တယ်...

Rain Drop On EarthDonde viven las historias. Descúbrelo ahora