Episode 8

1.5K 115 6
                                    

အဆက်မပြတ်တားနေတဲ့Joonmyunရဲ့စကားတွေက Kyungsooအာရုံပေးနိုင်လောက်တဲ့အထိတော့ အရာမရောက်ဘူး.. ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပလိုက်ရင်း Leverကို အသားကုန်ဖိနင်းလိုက်တယ်.. အဖြူရောင် ပြိုင်ကားလေးက တောင်စောင်းတလျောက် တရွေ့ရွေ့တက်ရင်း..

"Kyungsoo.. မင်း ကိုယ့်စကားကိုနားထောင်မယ်လို့ ဖေဖေနဲ့မေမေကို ကတိပေးခဲ့တာ မေ့သွားပြီလား ကားကို ချက်ချင်း ရပ်လိုက်စမ်းပါကွာ"

Joonmyunနောက်ဆုံးပြောလိုက်တဲ့စကားက Kyungsooကို အနည်းငယ်တော့ အသိပြန်ဝင်လာစေပုံပဲ.. သူ ကားအရှိန်ကို တဖြည်းဖြည်းချင်း လျှော့လိုက်တယ်.. တောင်ထိပ်နဲ့ကလည်း နီးလာပြီလေ.. ကားနောက်ဆုံးလုံးဝရပ်သွားတော့ သူတို့တောင်ကုန်းထိပ်လေးပေါ် ရောက်နေပြီ.. ကားsteerတိုင်ပေါ် မျက်နှာမှောက်ချလိုက်ရင်း Kyungsoo ကလေးလေး ၁ယောက်လို ငိုနေမိတယ်..

"တောင်းပန်ပါတယ် Sooရယ်" Kyungsooရဲ့ကျောပြင်လေးကို ပွတ်ပေးရင်း Joonmyunအဆက်မပြတ်တောင်းပန်နေမိတယ်..

"တော်ပါတော့ဗျာ ဘယ်အချိန်အထိ တောင်းပန်ဦးမှာလဲ တောင်းပန်ရုံနဲ့ကော အရာရာအကောင်းအတိုင်းပြန်ဖြစ်ရောလား တောင်းပန်ရုံနဲ့ ဒီ၁၄ရက်ပြီးသွားရင် Hyung ကျွန်တော့်နားက ထွက်မသွားတော့ဘူးတဲ့လား တောင်းပန်ရုံနဲ့ ပြီးလား"

Kyungsooရဲ့စကားတွေက Joonmyunရဲ့နှလုံးသားကို မြားအစင်း၁၀၀လာမှန်တာထက် ပိုနာကျင်စေတယ်… သူ့ခေါင်းထဲမှာလည်း သူသာ ပြန်မလာခဲ့ရင် အနည်ထိုင်နေတဲ့ Kyungsooရဲ့ဘဝလေးလည်း ဒီလိုထပ်ပြီး စိတ်ညစ်စရာတွေ ရှိလာမှာ မဟုတ်တော့ဘူးလေ.. သူသာ ဝတ်ရုံနက်နဲ့လူကြီးရဲ့စကားကို နားထောင်ခဲ့ရင်ပေါ့

"အားလုံး ကိုယ့်အမှားတွေပါ အစကတည်းက Sooဆီကို မလာခဲ့သင့်တာ အခုတော့ Sooကိုပဲ နာကျင်အောင် လုပ်နေမိတယ်.. Soo သဘောပါ.. Sooဆုံးဖြတ်တဲ့အတိုင်း လက်ခံပါ့မယ် မနေပါနဲ့တော့ ပြောရင်လည်း ကို ထွက်သွားပေးပါ့မယ်"

Joonmyunရဲ့စကားကို ကြားတော့ Kyungsooမျက်ရည်တွေသုတ်လိုက်ရင်း Joonmyunကို မျက်နှာချင်းဆိုင်ကြည့်လိုက်တယ်..

Rain Drop On EarthOnde histórias criam vida. Descubra agora