Episode 6

1.7K 201 3
                                    

အဟီး ##

တွေးရင်းပြုံးနေတဲ့အသံက ထွက်သွားတာကြောင့် BaekHyun သူမ ကိုယ်ကို စိတ်ထိန်းလိုက်သည် အဲ့ကောင် တကယ့်ဟာသပဲ ## စိတ်ထဲကပြောနေသည်

#ဒေါက်

မြေဖြူ သူမခေါင်းပေါ်ကို ရောက်လာတာကြောင့် ပစ်လိုက်တဲ့ Sam ကိုပြုံးပြလိုက်သည် စာလိုက်ကြည့်ပါ ဆိုတဲ့မျက်နှာကြောင့် ရယ်နေတဲ့ မျက်နှာကြောက အလိုလိုနေရင် သေသွားသည် !!

Sam စာသင်ပြီးတဲ့တော့ Chen ကရှေ့ကနေလှည့်လာပြီး

^ နင်ဘာတွေပြုံးနေတာလဲ ရှေ့ကငါတောင်ကြားရတယ် မဟုတ်မှလွဲရော မနက်က …^

Chen ပြောတာကြောင့် BaekHyun ရှက်သွားပေမဲ့ ထိန်းလိုက်သည်

^ Chen … >< ဖြစ်စရာလား အဲ့ကောင်က ဟုတ်ကိုမဟုတ်တာပါ ^

^ ငါဘာမှမမေးရသေးဘူးလေ ပေါ်ပြီ ^

သေရောပဲလေ Sooကိုအကူအညီရမလိုလို
မျက်နှာလေးနဲ့လှည့်ကြည့် တော့ 

^ သူပြောတာဟုတ်တယ်လေ ^

ရယ်နေပြီး ထောက်ခံတာကြောင့်

^ တော်ပြီ ဒီနေ့ Suho.unnie လာကြိုမှာမို့ သူ့စိတ်ကြိုက်လေးတော့လုပ်ပေးလိုက်ဦးမယ် ^

BaekHyun ရှက်ရှက်နဲ့ပဲ လွယ်အိတ်ကောက်ဆွဲပြီး ထွက်ခဲ့လိုက်သည်

~~~~~~~~~~~~~~~~~~~~~~~~~~~

Suho တစ်ယောက် Baekhyun ကိုကြိုရမယ်ဆိုလိုသာ ထွက်ခဲ့တာ Companyမှာ အလုပ်တွေကပုံနေတယ် အချိန်ပို မဆင်းနိုင်ပဲ ဒီညီမလေးတစ်ယောက်ကို စောင့်ရှောက်ရမှာပဲ >< ပြဿနာအမြဲရှာတယ် နိုင်ငံခြားကနေပြန်လာတာက 3 လ မပြည့်သေးဘူး ရှင်းလိုက်ရတဲ့အမှုပေါင်းများစွာ ~

ကျောင်းရှေ့လည်းရောက်တော့ ကားပါကင်ထိုးတဲ့တနေရာကိုသာတွေ့တာကြောင့် ကားထိုးဖို့လုပ်တော့ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ ကားတစ်စီးက ဝင်ထိုးသွားတယ် ဘရိတ်ကိုဆောင့်နင်းလိုက်တာကြောင့် စီယာတိုင်နဲ့ နဖူး မိတ်ဆက်သွားတယ်

#နာထှာ ဘယ်သူပါ့လိမ့် !

ကားကိုရပ်လိုက်ပြီး အပြင်ထွက်လိုက်သည် ထိုစဉ် အဲ့ကားပေါ်ကနေ အရပ်ရှည်ရှည်နဲ့လူတစ်ယောက်က ထွက်လာပြီး ကားဘေးနားမှာ style ကျကျရပ်နေသည် ကျောင်းဆင်းချိန်ဖြစ်တာကြောင့် ကျောင်းသူတော်တော်များများက သူ့ကိုသာကြည့်နေကြသည်လေ !!

My Girlfriend is Jerry MouseDonde viven las historias. Descúbrelo ahora