My Stupid Naughty Angel --- Episode [ 18 ]
------------------------------------------
"" Xiao Lu ဖုန်းလာနေတယ် ကိုင်အုံးလေ""
စားပွဲပေါ်မှ တဂီးဂီးမြည်နေတဲ့ ဖုန်းသံကြောင့် Sehun ကုတင်ပေါ်မှာမှောက်ပီး ကာတွန်းဖတ်နေရင်းကနေ Luhan ကိုလှမ်းခေါ်လိုက်တယ် ၊၊ Sehun အသံကြောင့် ပြတင်းပေါက်မှာရပ်ရင်း ဟိုငေး ဒီငေးလုပ်နေတဲ့ Luhan တစ်ယောက် စားပွဲဆီလျှောက်လာပီး ဖုန်းကိုင်ဖို့ကြည့်လိုက်တော့ မြည်နေတာသူ့ဖုန်းမဟုတ်ပဲ Sehun ရဲ့ဖုန်းဆီကဖြစ်နေတယ် ၊၊ အဲ့တာနဲ့ caller name ကိုကြည့်လိုက်တော့ Baekhyun ခေါ်နေတာကြောင့် ဖုန်းကို ကုတင်ပေါ်က Sehun ဆီပစ်ပေးလိုက်တယ် ၊၊ ဘုတ် ခနဲ ရှေ့ကြလာတဲ့ဖုန်းကြောင့် ဘာလဲဆိုတဲ့ မျက်နှာနဲ့ Sehun ကမေးငေါ့ပြတယ် ၊၊
"" မင်းဖုန်းလာတာ Baekhyun ခေါ်နေတာ ""
အဲ့တော့မှ Sehun ဖုန်းကိုကောက်ကိုင်ပီး
"" ငါ Sehun ပါ ""
"" ဘာမှမလုပ်ဘူး ကာတွန်းဖတ်နေတာ""
"" ရှိတယ် ငါ့ရှေ့မှာမတ်တပ်ရပ်ပီး စူပုတ်နေတယ် ""
"" ဘာလုပ်ရမှာလဲ ငါက""
"" ပီးရောလေ လုပ်ကြည့်မယ်""
"" ဒါပဲနော် ဖုန်းချလိုက်ပီ ""
ပြောပီးတာနဲ့ ဖုန်းကိုမွေ့ယာပေါ်ကိုလွှတ်ချလိုက်တယ် ၊၊ luhan ကတော့ Baekhyun ဆီကဖုန်းလာထဲက အူတိုနေတာပေါ့၊၊ သူ့ဆီတောင်မဆက်ဘူးပဲ ဘာကိစ္စရှိလို့များ Sehunဆီ ဆက်ရတာလဲဆိုတာ သိချင်နေမိတယ် ၊၊ ဖုန်းပြောနေတုန်းတည်းက စူပုတ်ပီး ကြည့်နေတာ အခုဖုန်းလဲချပီးရော ချက်ချင်း Sehun နားကိုရောက်လာပီး ကာတွန်းဖတ်နေတဲ့ Sehun ရှေ့မှာထိုင်ချလိုက်တယ် ၊၊ Sehun ကမော့ကြည့်ပီး
"" ဘာလဲ Xiao Lu ""
"" Baekhyun က ဘာလို့ဖုန်းဆက်တာလဲ"
လက်နှစ်ဖက်ကိုပိုက်ပီး မျက်နှာထားကိုတင်းကာ ငါမေးတာဖြေစမ်းဆိုတဲ့ရုပ်နဲ့Luhan မေးပစ်လိုက်တယ် ၊၊
"" ဘာလုပ်မလို့လဲ ""
တင်းထားတဲ့ရုပ်ကပျော့တောင်ကြသွားမလိုဖြစ်လို့ မနည်းဆွဲတင်းထားလိုက်ရတယ် ၊၊ မေးတာမဖြေပဲ သူကတောင်ပြန်မေးနေတဲ့ Sehun မျက်နှာကို Luhan အပေါ်စီးကနေကြည့်ရင်း ဆံပင်ဆွဲစောင့်ချင်စိတ်ပေါက်လာတယ် ၊၊ တကယ်ဆို ကိုယ်ကအသာစီးအနေအထားလေ အဲ့တာကိုသူက လာပီးတပြန်စီး လေသံကိုက
ESTÁS LEYENDO
My Stupid Naughty Angel ( Yaoi HH )
Fanficငယ်စဉ်ထဲကမိခင်ရဲ့အချစ်ကိုပဲရခဲ့တဲ့ Luhan သူအရမ်းချစ်တဲ့အမေမရှိတော့တဲ့အချိန်မှာ သူ့အမေနောက်လိုက်ဖို့ စဉ်းစားခဲ့ပေမဲ့ မထင်မှတ်ပဲ သူ့အသက်၂၀ ပြည့်တဲ့နေ့မှာ သူ့ဆီရောက်လာခဲ့တဲ့ သူ့အမေပို့လိုက်တဲ့တစ်စုံတစ်ရာ.......Angel ထဲမှာမှ ပြသာနာကြီးရွေးရှာတတ်တဲ့ Ange...