#Suho#
ဘာလိုလိုနဲ့ xing နဲ့ ကျွန်တော်တောင် ရည်းစားဖြစ်တာ တစ်ပတ်ကျော်သွားပြီ...
သူနဲ့ ကျွန်တော်က ဘယ်လိုချိန်းတွေ့ကြလဲဆိုတော့ ညဘက်ဆိုရင် ဖုန်းနဲ့ chat တယ်...နေ့ဘက်ဆိုရင် ဝရန်တာပေါ်ကနေ တာ့တာပြ fly kiss လုပ်... ဒါလောက်ပဲ... ဒါမှမဟုတ်ရင် xing ဈေးသွားတဲ့အချိန်... လမ်းထောင့်နားမှာ ချိန်းတွေ့တာပဲဖြစ်ဖြစ်... ဒါလောက်ပဲ လုပ်လို့ရပါတယ်... xing တို့မိဘတွေက အပြင်တွေဘာတွေထွက်တာ မကြိုက်ပါဘူး... ဈေးသွားတာတောင် တစ်ခါတစ်လေ သူ့ omma ကပါလာသေး... သူ့မိဘတွေနဲ့တော့ တကယ် မချောင်ပါဘူးဗျာ... တစ်ခါတစ်လေ မတွေ့ရတဲ့ ရက်တွေတောင်ရှိသေး... နီးရက်နဲ့ဝေးဆိုတာ ဒါမျိုးကို ပြောတာထင်ပါ့.....ခုတောင် မွှေ ၃ ကောင်ဘာလုပ်နေကြပါလိမ့်.... သွားခေါ်လိုက်ဦးမှ... ဒီနေ့ ဈေးထဲမှာ xing နဲ့တွေ့ဖို့ ချိန်းထားတယ်... သူတိုချည်းပဲထားခဲ့ရင် အိမ်ကြီးဇောက်ထိုးဖြစ်နေမှာစိုးလို့ ... အိမ်အတွက်လိုတဲ့ ပစ္စည်းတွေလည် ဝယ်ရအောင်...သူတို့ကိုခေါ်သွားမှပါ.... ဝိုင်းသယ်ခိုင်းဖို့လေ... ( suho omma ခေးတေကို ခိုင်းစားတယ်နော် )
''' ကဲ..ကဲ အကိုတော်တို့ရေ ... ကြွလာကြပါတော့... မနက်စာစားဖို့ နောက်ကျနေပြီ ပြီးရင် အပြင်လည်းသွားရဦးမယ်... တကတည်းတော် ကိုကြီးကျော်တောင် သူတို့လောက်မပင့်ရဘူး... '''
ပြောရင်းဆိုရင်း ဆင်းလာပါပြီ.... ငမွှေထိုးတွေ... အသံတွေလည်ဆူညံလို့...Kris နဲ့ Chanyeol ပေါ့ .... ဝုန်းဒိုင်းကြဲပြီး လှေကားပေါ်ကနေ ဆင်းလာတာ....
''' ဖြေးဖြေးဆင်းပါဟ.. ငါ့အိမ်ပြိုတော့မယ်... ဒါနဲ့ ငဆယ်ရော...'''
ပြောနေတုန်းရှိသေး...အဲ...အဲ... sehun တစ်ယောက် လှေကားလက်ရန်းကို ခွပြီးလျှောဆင်းလာ....လာ....အရင်းနားရောက်တော့... ကျတော့မယ်.... ကျတော့မယ်...
''' ဒုန်း အုန်း ဝုန်း ဒုန်း ခလွမ်း '''
လှေကားပေါ်ကနေ ကားယားကြီးပြုတ်ကျတာ... အနားမှာ ထားထားတဲ့ ပန်းအိုးတွေဝင်တိုက်တော့ ကျကွဲ.... လူလည်းတော်တော်အီစိမ့်သွားပုံရတယ်....ဒါနဲ့ ငါ့ hadaboji အမွေပေးသွားတဲ့ ပန်းအိုးလေးဘယ်ရောက်သွားပါလိမ့်...မရှိ... မရှိတော့... ဟင်... ဒါ... ဟိုကောင် ငဆယ်တိုက်ချသွားတာ... yarrrrr... oh sehun!!! သေပေတော့.... အဲ့တာဘယ်လောက်တန်လဲမင်းသိလား... ဟိုးခေတ်က ပန်းအိုးကွ... ဒီခေတ်ပြန်ဝယ်လို့မရတော့ဘူး... အဲ့တာကိုမင်းက လက်လွတ်စပယ်တိုက်ချရလားကွ... အဲ့တာ မင်းဘယ်လိုလုပ်မှာလဲ...ကြည့်စမ်း... ခုတော့ကွဲသွားပြီ... hadaboji ရေ... ခုတော့ hadaboji ရဲ့...ရဲ့... မင်းတို့က သူ့ရဲ့...
BINABASA MO ANG
ကျွန်တော်နှင့်အမွှေစိန်များ
Fanfictionဒီ fic လေးကို comedy ပုံစံမျိုးရေးမှာပါ....vote များရင်များသလို date ပေးမှာပါ....comedy တစ်ခါမှမရေးဖူးတော့ နည်းနည်းစဉ်းစားရပါတယ်..