Park Chan Yeol.....
လူတိုင်း ဒီနာမည်လေး ကြားရုံနဲ့ ရှောင်လေဝေးဝေး မူးယစ်ဆေး လိုလူတိုင်းက သူနဲ့ဝေးနိုင်သမျှ ဝေးဝေးရှောင်ကြသည်။
သူနဲ့ဝေးလျှင် ကိုယ်တွေ ငြိမ်းချမ်းလေ ဆောင်ပုဒ်ကို Park Chan Yeol သိသော လူတိုင်းလက်ကိုင်ထားသည်။
နာမည်နဲ့လည်းလိုက်ပါပေတယ်.........
Park:::လူတကာကို ပတ်နိုင်သမျှ ပတ်မယ်။
Chan:::နာမည် ကြားသောသူတိုင်း ကျောချမ်းစေရမယ်။
Yeol:::လူကြီးမိဘ ဆရာသမားများရှေ့ ရိုးသားသော လူငယ်လေးပမာ။(ဒါလည်း တစ်ခါတစ်လေရယ်သာ.....လူကြီးရော ဆရာသမားများ မကျန် ပြန်ပြောတဲ့လူ.....။)
ကဲ သူ့အကြောင်းလေး စလိုက်ရအောင်။
သူကလေးဘဝကပေါ့ကွယ်......
{Writer's Note;မြန်မာဝတ္တုဖြစ်တဲ့ အတွက်ကြောင့် ပုဆိုးပါပါတယ်နော်။ကိုးရီးယားနိုင်ငံမှာ အခြေခံတာ မဟုတ်ပါ။မြန်မာနိုင်ငံမှာ အခြေခံထားတာပါ။}Park Chan Yeol တဲ့ခေသူမဟုတ်။
ငယ်ငယ်ကတည်းက ကလေးအချင်းချင်း ကြားထဲမှာတောင် သူက ဒဿနဆရာ(ဆရာကြီးပေါ့...ဆရာတွေပြီးရင် သူအကြီးဆုံး ဆိုဘဲ။ဥာဏ်အရာမှာပြောပါတယ်။)
ကျောင်းမှာ အားကစားချိန်ရောက်တော့ ဘောလုံးကန်ကြတယ်လေ။
ဘောလုံးကန်ပြီးလို့ နားနာချိန်မှာ သူက ကျောင်းသားအားလုံးကို ခေါကာ လူစုလိုက်တယ်။
ပြီးတော့ သူက အမြင့်ဆုံးခုံမှာ ဝင်ထိုင်ကာ မျက်နှာက ဆရာကြီးရုပ်သွင်နှင့် ဆရာကြီး လေသံဖမ်းကာ....^ မသိတာရှိရင်...မေးကြ။ ^
ထိုစဉ် နှာဆေးနေသော ကျောင်းသားတစ်ယောက်က နှပ်ချေးရှုံ့သွင်းရင်း မေးတယ်။
^ လူပုစိတ်တို....ဆိုတဲ့ စကားပုံ ဆရာကြီးက သင်သွားတယ်။လူပုတွေက ဘာလို့ စိတ်တိုတာတုန်း။ ^
ဘယ်ချိန်ကမှန်းမသိ ကောက်တပ်ထားသော မှန်မပါသည့် မျက်မှန်ကြီးကို Pcy တစ်ယောက် ပင့်လိုက်တာ..
^ အာ...သူတို့ကကွာ၊ လူတွေကို မော့မော့ကြည့်နေရတဲ့ ခြေတို၊လက်တိုတို၊ခေါင်းတိုတိုလေ။ အဲဒီတော့ စိတ်ပါတိုသွားတာပေါ့.... ^
စောကရ ထတက်သော ကျောင်းသားတစ်ယောက်က....
^ အဲဒီလို စိတ်တိုရင် ရန်ဖြစ်မှာပေါ့ကွ။ရန်ဖြစ်မှာကျတော့ သူတို့ မကြောက်သေးဘူလား။ ^
YOU ARE READING
~~~ဖူးစာရေးနတ်~~~
FanfictionNormal Fanfic♡♡♡ ChanSoo Fan fic......... My first story******** ဝတ္တုတစ်ပုဒ်ကို မှီငြမ်းကာ အစအဆုံး ကူးရေးထားပါကြောင်း ဝန်ခံအပ်ပါသည်။ အပြူးစိန်♡အရှည်ကြီး