******သီလရှင် နှင့် ဒကာ၊ဒကာမများ*****
တစ်ခါက ဆရာလေးတစ်ပါး ရွာထဲ ဆွမ်းခံကြလာသည်။
သူမ၏ ကြည်ညိုဖွယ်ရာ ရုပ်လက္ခဏာကြောင့် နေ့တစ်ဝက်ကျိုးသည်အထိ ဆန်ကောင်းကောင်း မရသေး။
နေကလည်းပူ၊ ချွေးကလည်းပြန်နှင့် ဆရာလေးမျက်နှာ ပုပ်သိုးနေသည်။ ဆရာလေးက လက်မှနာရီကို ကြည့်လိုက်ရာ နေ့လည် ၁၂:၀၀ နာရီအတိ။ ခွက်ထဲမှာ ဆန်ကလည်း ဖင်ကပ်ပဲရှိသည်။
ဆရာလေး သဒ္ဓါတရားထက်သန်စွာ အရပ်ရှစ်မျက်နှာ တိုင်တည်ပြီး ခုနှစ်ရက် သားသမီးအပေါင်းကို မေတ္တာပို့လိုက်သည်။ဟာမတွေ......စေတနာ သဒ္ဓါတရား အတော်နည်းကြတာဘဲ။ တမနက်လုံး ဆန်ခံနေတာ ကန်တော့ဆန် ဘဲ ပြောပြောနေတယ်။
ခုလှူလိုက်တဲ့ဆန်တွေကလည်း ဝါကျင်ကျင်ညိုညစ်ညစ်နဲ့ ဘိုးတော်ဘုရား လက်ထက်က ဆန်တွေထင်ပါ့။ ဝတ္ထုငွေလည်း တစ်ပြားမှ မရသေးဘူး။ဒီလိုနဲ့ ဆရာလေးလည်း ပိုက်ဆံအတော်အသင့် ချမ်းသာပုံရသော အိမ်တစ်အိမ်ရှေ့ မတ်တပ်ရပ်လိုက်သည်။ ဒီအိမ်ကတော့ ကောင်းကောင်းကန်းကန်း လှူနိုင်ကောင်းပါရဲ့.........
ဒါန ဆန်များရှင်။
အိမ်ထဲမှ အဘိုးကြီးတစ်ဦး ထွက်လာသည်။
ဘာကိစ္စလဲ မသိဘူး။
ဆရာလေး ရှိသမျှ အကုန် ပေါက်ကွဲသွားသည်။
ဒီယူနီဖောင်းနဲ့ လာရပ်မှတော့ အလှူလာခံတာပေါ့ အဘိုးကြီးရဲ့.....
တကထဲ ရှင့်အိမ်ရှေ့ကို အားအားယားယား ဖက်ရှင်ရှိုး လာလျှောက်တယ်များ ထင်နေလား၊ နေပူလို့ ဒေါကန်ရတဲ့ အထဲ သူက တစ်မှောင့်။ဆရာလေး စကားဆုံးသည်နှင့် အဘိုးကြီးက လက်အုပ်လေးချီကာ ခခယယ တောင်းပန်သည်။
ကန်တော့ပါ.....ဆရာလေးရယ်။ အလှူခံဆိုရင် ကန်တော့ပါသေးရဲ့။
အိမ်မှာ လူကြီးတွေမရှိလို့.......။ဆရာလေး အဘိုးကြီးကို ကြည့်ကာ ကြောင်သွားသည်။ ပြီးမှ အလုံးစုံ ပြန်သုံးသပ်ကြည့်လိုက်တော့.........ပေါက်ကွဲသွားသည်။
ŞİMDİ OKUDUĞUN
~~~ဖူးစာရေးနတ်~~~
Hayran KurguNormal Fanfic♡♡♡ ChanSoo Fan fic......... My first story******** ဝတ္တုတစ်ပုဒ်ကို မှီငြမ်းကာ အစအဆုံး ကူးရေးထားပါကြောင်း ဝန်ခံအပ်ပါသည်။ အပြူးစိန်♡အရှည်ကြီး