♡ချစ်ခြင်း.......အစ(သို့)အမုန်း......နိဒါန်း♡

856 97 4
                                    

^ ချစ်တယ်..... ^

^ လဲသေလိုက်...... ^

^ ဟင့်အင်း.....ချစ်တယ်လို့ အရင်အဖြေပေး။ နောက်တစ်နှစ်ကျရင် လက်ထပ်မယ်။ ပြီးရင် ကလေးတွေ အမွှာကြီးဘဲ ဆယ်မွှာဘူး လောက်မွေးမယ်။ နောက်ပြီးရင် မြေးတွေ မြစ်တွေ ချီပြီးမှ သေပေးမယ်။
ဘယ်လိုလဲ သဘောတူလား။ ^

^ နစ်နာနေပါ ဦးမယ်။နင်ပြောပြီး သွားပြီလား....ဖယ်တော့။ ^

^ မဖယ်ဘူး။......အဖြေပေး ^

Soo ရှေ့မှာ ပတ်ချန်ရိုး တစ်ယောက် သူ့လက်ကြီး ဆန့်တန်းကာ အားမနာ လျှာမကျိုး ပိတ်ရပ်ထားတယ်။
သူပိတ်ရပ်ထားတာက အပေါက်ဝ ဖြစ်တဲ့အပြင် သူ့လက်ကလည်း ရှည်တာကြောင့် တံခါးပေါက် နံရံနှစ်ဖက်နှင့် ထိကပ်နေတယ်။
ဒါကြောင့် soo မှာ ထွက်လို့မရဘဲ သူပြောသမျှ နားထောင်နေရတယ်။ နောင်ပြန်လှည့်လို့ မရတဲ့ အခြေအနေမို့ အရပ်နှင့်မမျှသော စိတ်ကို ထားကာ ရှေ့က သစ်ကုလားအုတ်ကို ဘုကြည့်ကြည့်လိုကပြီး........................

^ မဖယ်ဘူး ဆိုတော့လည်း နင်လိုချင်တဲ့ အဖြေ ငါပေးရမှာပေါ့နော်။ အရင်ဆုံး ငါ့လွယ်အိတ်လေး ကိုင်ပေးပါလားဟင်။ ^

Soo တစ်ယောက် သူ့လွယ်အိတ်လေးကို ပတ်ချန်ရိုး ရှေ့ထိုးပေးလိုက်တယ်။ပြီးတော့ အကြင်နာ မျက်ဝန်းလေးတွေဖြင့် စိုက်ကြည့်လိုက်တော့~~~~~

^ မင်းထွက်ပြေးမှာလား။ ^

ပတ်ချန်ရိုး တစ်ယောက် မယုံမရဲလေသံ လေးဖြင့် မေးမိသည်။
Soo တစ်ယောက် ပတ်ချန်ရိုး နှလုံးသား နေရာလေးကို ခပ်ဖွဖွလေး
ထုလိုက်ကာ........

^ လူဆိုး.....တို့က ဘယ်လိုလုပ် ထွက်ပြေးရမှာလဲ။ဒီ လွယ်အိတ် ထဲမှာ ပိုက်ဆံအိတ်ရော ဖုန်းရော ပါတယ်။ထွက်ပြေးမယ်ဆိုရင်တောင် ဘယ်လိုမှ ပြေးလို့မရဘူး။ ^

ပတ်ချန်ရိုး တစ်ယောက် soo လွယ်အိတ်လေးကို လှမ်းယူလိုက်တယ်။
Soo က ပတ်ချန်ရိုး ကိုခပ်ပြုံးပြုံး စိုက်ကြည့်နေရာမှ သူ့အသည်းပုံ နှုတ်ခမ်းလေးတွေ ဖွင့်ဟလာကာ အသံမထွက်ဘဲ လေအသံဖြင့် တစ်လုံးချင်း ဖြေးညင်းစွာ ပြောလာတယ်။
ပတ်ချန်ရိုး soo ရဲ့လေယူလေသိမ်း တွေကို ပုံဖော်ကြည့်လိုက်တော့..........

~~~ဖူးစာ​ရေးနတ်​~~~Wo Geschichten leben. Entdecke jetzt