Episode 2

2.5K 318 5
                                    

ရင်ခုန်ခြင်းနှင့်မြတ်နိုးခြင်းက ချစ်ခြင်းမေတ္တာရဲ့အခြေခံသဘောတရားဖြစ်လိမ့်မယ်ဆိုရင်...

Baekhyun!သူရောကျွန်တော့်ကိုဘယ်လိုသဘောထားလဲ?ကျွန်တော်မသေချာဘူး...

ကျွန်တော်သူ့ကိုအမြဲရင်ထဲသိမ်းထားခဲ့တာကသူ့ကိုပိုင်ဆိုင်ဖို့ဖြစ်လာနိုင်ပါ့မလား???

စွန့်လွှတ်ခြင်းနဲ့ပိုင်ဆိုင်ရယူခြင်း ဆိုတဲ့အစွန်းနှစ်ဖက်...အလယ်မှာကျွန်တော်ရပ်တန့်နေတယ်...

ကျွန်တော်ဘာလုပ်သင့်လဲ?အဖြေကိုကျွန်တော်ကိုယ်တိုင်မသိဘူး...

အခုကျွန်တော်ရဲ့ပုံစံက အသည်းကွဲနေတဲ့လူတစ်ယောက်လေလွင့်နေသလိုပဲ...

ဖွင့်ပြောဖို့ကလည်း...Baekhyunမှာရည်ရွယ်ထားတဲ့ မိန်းကလေးမျိုးရှိနေရင် ဒါမှမဟုတ် အခုလိုမရိုးသားတဲ့စိတ်ရှိနေမှန်းသူသိသွားလို့ကျွန်တော့်ကိုထားခဲ့ရင်...လက်ရှိအနေအထားကိုပါ ကျွန်တော်စတေးလိုက်ရလိမ့်မယ်...

ဘယ်လိုပဲစဉ်းစားစဉ်းစား အဖြေမထွက်နိုင်ပဲတဝဲလည်လည်ဖြစ်နေတဲ့အတွေးသံသရာထဲက ကျွန်တော်ရုန်းထွက်ချင်ပြီ

စားလည်းဒီစိတ် သွားလည်းဒီစိတ်နဲ့...

နည်းနည်းအချိန်ရတာနဲ့သူ့မျက်နှာကိုမြင်ချင်လာတာ အခုကျွန်တော့်မှာရှားရှားပါးပါးအနားယူဖို့တရက်တလေရတာတောင် အသင့်စားအစားအစာတွေပဲ အမြဲစားပြီး သေးညှပ်နေတဲ့သူ့ကို ထမင်းချက်ကျွေးဖို့ Marketမှာလိုအပ်တဲ့ပစ္စည်းတွေသွားဝယ်မိနေပြီလေ...

ဘာကိစ္စပဲဖြစ်ဖြစ် သူ့ကိုပဲသတိရနေတာ... နောက်ဆုံး အင်တာဗျူးမှာပါ ဖြေမိတော့မဲ့အထိဖြစ်သွားခဲ့ရတယ်...

'သတိမထားမိခင်မှာသူကရင်ထဲရှိနေတာ...အချစ်'
အဲ့တုန်းကကျွန်တော့်ရဲ့ခံစားချက်အတိုင်းဖွင့်ဟမိတယ်...တကယ်တော့လည်း...သူ့ကိုကျွန်တော်သတိမထားမိပဲကရုစိုက်ပေးခဲ့တာလား?? အဲ့လိုကရုစိုက်ပေးရင်းနဲ့ပဲကျွန်တော့်ရင်ထဲမှာသူကနေရာယူသွားတာလား?? ကျွန်တော်မသိတာအမှန်ပဲ ... ကျွန်တော့်ကိုယ်ကျွန်တော်သတိထားမိသွားတဲ့အချိန်မှာ Baekhyunနဲ့ဝေးသွားမှာကျွန်တော်သေမလောက်ကြောက်တတ်နေပြီလေ...

Lately I...Where stories live. Discover now