Episode 7 (adult only)

1.7K 190 47
                                    

Da Yeon noonaရဲ့ကျန်းမာရေးအခြေအနေကြောင့် ဒီနေ့အတွက်ရိုက်ကူးရေးကို ဖျက်သိမ်းလိုက်ရလေတော့
ကျွန်တော် တောင်တောင်အီအီ သွားမနေတော့ပဲ အိမ်သို့တန်းပြန်ရန်သာ ဆုံးဖြတ်လိုက်သည်
အိမ်မှာလည်း Baekhyunရှိနေမယ်ဆိုတော့
ညစာ အတူစားဖို့ အချိန်မီပြန်မှဖြစ်မည်လေ...

📲Can we ...can we surrender
can we... can we surrender🎵

ကျွန်တော် ကားမောင်းနေရင်း ဖုန်းကိုလှမ်းယူလိုက်သည်...

[ 엄마 ]

>>> မေမေ?

>>> မေမေ ဘာဖြစ်လို့လဲ?

>>> ဗျာ! သားအခုလာခဲ့မယ်
စိတ်မပူနဲ့ Doctor Kimကို ခေါ်ပြီးပြီလား?
ဘယ်လိုကနေ ဖြစ်တာလဲ?

တီ- တီ- တီ- တီ

>>>Hello Hello!! မေမေ!

"Shit! သောက်အရေးအကြောင်းဆို ဖုန်းအားက မရှိတော့ဘူး"

ကျွန်တော် စက်ပိတ်သွားတဲ့ဟန်းဖုန်းကို ဘေးထိုင်ခုံပေါ်ပစ်တင်လိုက်ပြီး
ကားကို ဂငယ်ကွေ့ ပြန်ကွေ့ချလိုက်သည်...

ကျွန်တော် ကသောကမျောဖြင့်အိမ်ရောက်သွားတော့ Doctor Kimက ဖေဖေ့ကို စမ်းသပ်ပေးပြီးပြီ
မေ့လဲသွားတယ်ဆိုတဲ့ ဖေဖေက အခုတော့အိပ်ယာပေါ်မှာ အေးအေးချမ်းချမ်း အိပ်ပျော်နေလေသည်...

ဒီလိုနဲ့ပဲ ကျွန်တော်ဟာ မိဘအိမ်ရဲ့ဧည့်ခန်းမှာ မေမေနဲ့အတူ Doctor Kimကို ဧည့်ခံနေရတယ်ဆိုပါတော့...
Da Yeon noonaဆီက အိမ်အပြန် မေမေရဲ့ 'သားဖေဖေ မေ့လဲသွားတယ်' ဆိုတဲ့စကားကြောင့် ကျွန်တော့်မှာ စိုးရိမ်တကြီးအပြေးလာခဲ့ရတာ...

" သူ ဘာဖြစ်တာလဲ?"

"စိတ်မပူပါနဲ့ ဆရာကြီးက အားနည်း နေလို့ပါ ဒီရက်ပိုင်း စိတ်လည်း မပျော်ဘူး ထင်တယ်"

"သူ့သားကို အရမ်းတွေ့ချင်နေတာ သူ့စရိုက်ကလည်း သူကအရင် လာပါ လို့မခေါ်ချင်တော့ "

မေမေက ကျွန်တော့်ကို လှမ်းကြည့်ပြီးပြောသည်
ကျွန်တော်ကတော့ မေမေ့ဆီက အကြည့်လွှဲလိုက်သည်

"ဒါနဲ့ Sehun က အတော်အောင်မြင်နေတာပဲ...
ကျောင်းက တပည့်တွေ ဆေးရုံက nurseလေးတွေထဲ Sehunရဲ့ fanတွေ မနည်းဘူး"

You've reached the end of published parts.

⏰ Last updated: Dec 24, 2017 ⏰

Add this story to your Library to get notified about new parts!

Lately I...Where stories live. Discover now