Episode 5

1.1K 155 10
                                    

ကျွန်တော့်ကုတင်ပေါ်ကစောင်လုံးထဲမယ် ကွေးကွေး အိပ်ပျော်နေတဲ့ Baekhyunက အိပ်မောကျနေတာရယ်

နံရံပေါ်ရှိ နာရီက8:00ညွှန်ပြလျက်…

"ညနေစောင်းထဲက အိပ်ပျော်သွားတာ အခုထိပဲ"

ကျွန်တော် သူ့နဖူးကို အသာစမ်းကြည့်တော့ အပူရှိန်မရှိသလောက်ကျသွားပြီ
သူနိုးလာရင်စားဖို့ ကျွန်တော် ပြုတ်ထားတဲ့ ဆန်ပြုတ်ကအိုးထဲမှာအဆင်သင့်နေရာယူလို့…
ကျွန်တော် သူ့ပါးကို ခပ်ဖွဖွ လိမ်ဆွဲလိုက်တယ်

"Baekhyun ထဦး……Baekhyun"

"အင်းး……"

သူက သံရှည်ဆွဲညည်းပြီး ဟိုဘက်ပြန်လှည့်အိပ်တယ်…
ကျွန်တော် စောင်အထူပေါ်ကနေ သူ့တင်ပါးကို အသာပုတ်လိုက်တယ်

"အစာစားပြီး ဆေးသောက်ရဦးမယ်"

သူကတော့အိပ်မက်ကမ္ဘာထဲမျောနေသလားထင်ရအောင် လူးလွန့်လို့…
ကျွန်တော် သူ့ဘေးဝင်လှဲပြီး စောင်လုံးလေးအတိုင်းသူ့ကို ပွေ့ထားလိုက်တယ်  စောင်းအိပ်နေတဲ့သူ့လက်မောင်းပေါ် ခေါင်းမှေးတင်ပြီး သူ့မျက်နှာကို အသာငေးမိတယ်
ပါးဖောင်းဖောင်းလေးက ချောင်သွားလိုက်တာ
မျက်နှာသွယ်သွယ်လေးပဲရှိတော့တယ်
အသားတွေကလည်းပိုပြီးဖြူစွတ်လာသလိုပဲ
ခပ်ချွန်ချွန်ဖြစ်နေတဲ့အပေါ်နှုတ်ခမ်းလေးက အဖျားသွေးကျန်သေးတော့ ပိုရဲနေတယ်…
ကျွန်တော် သူ့ပါးကို အသာလေးပွတ်သပ်မိတယ်
နဖူးပေါ်ကျနေတဲ့ သူ့ဆံပင်ကို သပ်တင်ပေးလိုက်ပြီး မို့နေတဲ့မျက်ခွံလေးကို အသာတို့ထိမိတယ်
သူ အိပ်နေလို့သာ ငြိမ်နေတာ နိုးနေရင်သူ့အသံချည်းပဲ
ညံညံစီအောင်စကားများတတ်တဲ့လူအကောင်ပေါက်လေး…
ကျွန်တော်ပြုံးမိပြန်တယ်…

တနေကုန်အနားမရခဲ့တဲ့ကျွန်တော်…
ကိုယ်တွေလက်တွေကညောင်းညာလာတယ်…
သူ့လက်မောင်းပေါ်မှာခေါင်းတင်ထားရင်းပဲ…
မျက်လုံးမှိတ်ပြီး မှေးလိုက်တယ်…
သက်သောင့်သက်သာအိပ်လိုက်လို့လည်းမဖြစ်သေးဘူး…
မနက်ဖြန်  ကျွန်တော့်ရဲ့ပထမဆုံးdramaမှာ အရေးကြီးတဲ့ဇာတ်ဝင်ခန်းရိုက်ရမယ်ဆိုတော့
ဇာတ်ညွှန်းသေချာဖတ်ရဦးမယ်…
တွဲရိုက်တဲ့actressကလည်း…ကျွန်တော့်ရဲ့ role model…
Da Yeon noona
ကျွန်တော့်အတွက် အတွေ့အကြုံကောင်းတစ်ခု…
ကျွန်တော့်လိုနာမည်ရခါစကို သူကဖေးဖေးမမနဲ့ခင်ခင်မင်မင်လက်တွဲခေါ်လို့သာ ဒီလိုအခြေအနေထိအခွင့်အရေးရလာတာ…
ရင်းနှီးကျွမ်းဝင်နေတော့ကား…
Senior-Junior Relationshipမှာ တိုက်တိုက်တွန်းတွန်းချီးမွန်းပြောဆိုတတ်တဲ့noonaကြောင့်သာ…
အတွေ့အကြုံမလုံလောက်သေးတဲ့ ကျွန်တော်က နာမည်ကြီးdirectorရဲ့drama seriesမှာ main leadနေရာစွတ်စွတ်ရွတ်ရွတ်ရခဲ့တာ…
modellingမှာ fashion kingအဖြစ် နာမည်ကြီးသော်ငြား actingမှာ ဒါရိုက်တာတွေမျက်စိကျမှုကို လွယ်လွယ်ရခဲ့တာမှမဟုတ်… ကျွန်တော် အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်နေမှ ဖြစ်မယ်…
ကိုက်လာတဲ့မျက်ရိုးကြောင့်ကျွန်တော်မျက်မှောင်ကြုတ်မိတယ်…ကျွန်တော် မျက်လုံးတွေကပင်ပန်းနေကြောင်းအချက်ပြနေပြီ……

Lately I...Where stories live. Discover now