# ငွေသော်တာနဲ့ ကောင်းကင်ကို စကားပြောဖို့ အဖော်ခေါ်ထားတယ် #
ChanYeol ဆိုတဲ့ ကျွန်တော့် ကောင်းကင်ကြီးက လက်ခံထားတဲ့ တစ်ခုတည်းသော ထွန်းလင်းတောက်ပနေသည့် အရာက BaekHyun ဆိုတဲ့ ငွေသော်တာ လမင်းလေးပါ ။
ဒါပေမယ့် အဲ့ဒီ ငွေသော်တာက ကျွန်တော့် ကောင်းကင်ကနေ စွန့်ခွာထွက်သွားတဲ့အခါ ~~
အပြစ် မမြင်ရက်ပါဘူးလေ ... သူ့ကို အပြစ်တင်ဖို့ ဆိုတာက ကျွန်တော့်အတွက် ခဲယဉ်းလွန်းပါတယ် ။
ကျွန်တော့်ကောင်းကင်မှာ သူ မရှိလေတော့လည်း ကမ္ဘာလောက,က ကောင်းကင် နှင့် ထိုကောင်းကင်ပေါ်က ငွေသော်တာ လမင်းလေး ကိုပဲ ကျွန်တော့် ရင်ဖွင့်ဖော်အဖြစ် ရွေးချယ်ထားလိုက်တယ် ။
•~•~•~•~•~•~•~•~•~•~•
အချိန်ကာလအားဖြင့် လေးလ ~~
အရင်တစ်ချိန်တုန်းက သူနဲ့ကျွန်တော် နှစ်ယောက်အတူတူ ဝေမျှနေထိုင်ခဲ့တဲ့ အိမ်ကျဉ်းကျဉ်း အခန်းကျဉ်းကျဉ်းလေးမှာ ကျွန်တော် တစ်ယောက်ထဲ နေထိုင်နေတာ လေးလ ရှိခဲ့ပြီ ။
သူလား ... ...
Entertainment က ပေးတဲ့ dorm တစ်ခုမှာ သူ့ရဲ့ ကျွန်တော် မဟုတ်တဲ့ တခြား သူငယ်ချင်း အသစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတယ် ။
ကျွန်တော့်ရဲ့ ဒီ လပေးငှားထားတဲ့ အိမ်စုတ်စုတ်လေးမှာ သူရှိမနေပေမယ့် သူ့အငွေ့အသက်တွေ ၊ သူ့အကြည့်တွေ ၊ သူ့အပြုံးတွေ ၊ သူ့အသံတွေကတော့ ကျန်ရှိနေဆဲပဲ ။ အရင်ကလို သူ့ရဲ့ ခန္ဓာကိုယ်က ဒီနေရာမှာ ရှိမနေပေမယ့် သူ့ရဲ့ ပုံတူကိုယ်ပွားတွေကတော့ အခန်းအပြည့် ရှိနေတယ် ။ အိမ်ထဲ ဝင်လိုက်လျှင် အရပ် ဆယ့်ခြောက်မျက်နှာမှာ ဘယ်နေရာကို ခေါင်းလှည့်ကြည့်ကြည့် သူ့ကို တွေ့ရတယ် ။
တစ်နေရာကို ကြည့်ရင် သူရယ်နေတယ် ။ နောက်တစ်နေရာကို ကြည့်ရင် သူ မှိုင်နေမယ် ။ တခြားတစ်နေရာကို ကြည့်ရင် သူက ရုပ်တည်ကြီးနဲ့ ကျွန်တော့်ကို ကြည့်နေလိမ့်မယ် ။
ဟုတ်တယ် ... ကျွန်တော့် အခန်းရဲ့ နေရာအနှံ့မှာ နည်းနည်းလေးမျှ လစ်လပ်မနေအောင် သူ့ပုံတွေ အပြည့် ကျွန်တော် ကပ်ထားပါတယ် ။
YOU ARE READING
°• The Sky that Embraces the Moon •°
Fanficအချစ် ရဲ့ အနက် အဓိပ္ပာယ်ဟာ ပေးဆပ်ခြင်း ဟု အခိုင်အမာ ခံယူထားသော Park Chan Yeol ။ အောင်မြင်မှုမှာ သာယာပြီး ချစ်ရသူကို မေ့ထားခဲ့သည့် Byun Baek Hyun ။