# HOW GREAT IS YOUR LOVE ! #လောကကြီးက ကျွန်တော့်ရဲ့ မိုက်မဲမှုတွေအတွက် အပြစ်ဒဏ်ကို ခေတ္တမျှသာ ပေးခဲ့တယ် ။
တကယ်ကို ကျေးဇူးတင်ပါတယ် ။ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက်ပဲ ။
မိုးကောင်းကင်ကြီးလို ကြီးမားကျယ်ပြန့်ပြီး အဆုံးမရှိနိုင်သော အချစ်မျိုးဖြင့် ချစ်ခင်မြတ်နိုးခြင်း ခံခဲ့ရတယ် ။ဒီတစ်သက်တာအတွက် ကြီးမားကျယ်ပြန့်ပြီး နွေးထွေးလွန်းတဲ့ ကောင်းကင်ရင်ခွင်ကြီးကနေ ကျွန်တော် ဘယ်ကိုမှ ထွက်မသွားနိုင်တော့ပါဘူး ။
•~•~•~•~•~•~•~•~•
BaekHyun's pov :
schedule မရှိသည့် နေ့ဖြစ်သော်လည်း ထွေထွေထူးထူး အပြင်သွားစရာမရှိသည်က တစ်ကြောင်း ... အပြင်မှာ မိုးတွေ ရွာနေသဖြင့် အပြင်သွားချင်စိတ်မရှိသည်က တစ်ကြောင်းကြောင့် မိမိအခန်းထဲမှာသာ ကွေးနေရင်း အချိန်တွေ ကုန်ဆုံးနေလိုက်သည် ။
လောလောဆယ်တော့ နားတွင် နားကြပ်တပ်ကာ သီချင်းနားထောင်ပြီး သာယာနေ၏ ။
လက်ရှိ နားထောင်နေမိသည်က Like Music, Like Rain … ။မိုးက အရမ်း သည်းကြီးမည်းကြီး မရွာသော်ငြား တဖြောက်ဖြောက်ဖြင့် ပျင်းရိပျင်းတွဲ ရွာကျနေသည်မို့ နားထောင်နေသည့် သီချင်းနှင့် ယှဉ်တွဲနားထောင်လိုက်လျှင် အတော်လေး လွမ်းစရာ ကောင်းနေတာအမှန် ။
ထို့အတူပဲ ~~ ဤသီချင်းနှင့် ဤရာသီဥတု အလွန်ကို ပနံသင့်နေချိန်၌ ကျွန်တော့်စိတ်ထဲတွင်လည်း လွမ်းဆွတ်သတိရနေသော တစ်စုံတစ်ဦး ရှိနေခဲ့ပြီ ။
* ChanYeollie … *
" ဟူးးးးးးး ~~ "
သူ့ကို လွမ်းမိတိုင်း ကိုယ့်ကိုကိုယ် အသုံးမကျသည့်ကောင် ဟု အပြစ်တင်စိတ်များ ဝင်လာတတ်သည်မှာ ထုံးစံ … ။
" BaekHyun ah ~ "
ကျွန်တော့်အမည်ကို ခေါ်ရင်း အခန်းထဲ ဝင်လာသည်က အဖွဲ့၏ ခေါင်းဆောင် JunMyeon Hyung ။
ပြောစရာတစ်ခုခု ရှိနေပုံရသည်မို့ နားထဲက နားကြပ်ကို ဆွဲဖြုတ်လိုက်ကာ လှဲအိပ်နေရာမှ ထထိုင်လိုက်သည် ။
YOU ARE READING
°• The Sky that Embraces the Moon •°
Fanfictionအချစ် ရဲ့ အနက် အဓိပ္ပာယ်ဟာ ပေးဆပ်ခြင်း ဟု အခိုင်အမာ ခံယူထားသော Park Chan Yeol ။ အောင်မြင်မှုမှာ သာယာပြီး ချစ်ရသူကို မေ့ထားခဲ့သည့် Byun Baek Hyun ။