သာယာငြိမ့်ညောင်းသော တေးသွားလေး ပျံ့လွှင့်နေသော ကော်ဖီဆိုင်လေးတွင် ကောင်လေးတစ်ယောက်မှ ကောင်မလေးတစ်ယောက်အား
'' ကိုယ် မင်းကို သိပ်ချစ်တာ သိလား ''
''နေပါ မယုံပါဘူး ''
''တကယ်ပြောတာ ချစ်ရဲ့ ''
ထိုအချိန်တွင် ထိုကော်ဖီဆိုင်ထဲသို့ အရပ်ကလေးက ခပ်ပုပု ဒေါက်ကလေးအနေတော် စီးထားပြီ ဆံပင်လေးအား ခပ်မြင့်မြင့်ထုံးထားကာ ဆံမြိတ်လေးချထားသည် . မိန်းကလေးအရမ်းမဆန်ပေမယ့် ကော့ညွှတ်တဲ့ နှုတ်ခမ်းလေးနဲ့ ရယ်လိုက်ရင် ပါးချိုင့်လေးက မပေါ်တပေါ်လေး ဆွဲဆောင်မှုရှိလွန်းတဲ့ မျက်ဝန်းလေးကို ဖုံးအုပ်ထားတဲ့ မျက်တောင်ရှည်ရှည်လေး နဲ့ ကောင်မလေး အဖြူရောင် Tshirt လေးအား ဂျင်းဘောင်းဘီလေးနဲ့ တွဲဝတ်ထားပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးက
'' chargiya အခုဘာလုပ်နေတာလဲ ''
'' ကိုယ် ကိုယ် ''
ထိုအခါ ထိုင်နေတဲ့ ကောင်မလေးက
'' မင်း ဘယ်သူလဲ ဘာတွေလာပြောနေတာလဲ ''
'' ငါ ဘယ်သူလဲ ဟုတ်လား ငါက မင်းရှေ့မှာ ထိုင်နေတဲ့သူရဲ့ ချစ်သူပဲ နောက်လလောက်ဆို လပ်ထပ်တော့မှာ '''' ဘာာာ ဒါဆို ဒါဆို ရှင် ကျွန်မကို ...... ''
ထိုင်နေသော ကောင်မလေး မျက်ရည် ဝဲလာသည် . ပီးနောက် ဘေးက လူများ လှမ်းကြည့်နေသည်ကို တွေ့ကာ ရှက်ရှက်နဲ့ ထို မိန်းကလေးအား
''ဖြန်း''
'' ဒါနင့်အတွက် ငါ့အရှက်အတွက် ရှင်လည်း နောက် ကျွန်မနဲ့ မပတ်သတ်ပါနဲ့တော့ ''
ပြောကာပြေးထွက်သွားသည် . ကောင်လေးကတော့ ဘာမှမပြော . ကောင်မလေးပြေးထွက်သွားပြီးနောက် စောစောက ချစ်သူဟုခေါ်သော ကောင်မလေး ပါးလေးအားပွတ်လျက် စားပွဲတွင် ဝင်ထိုင်လိုက်သည် . ထိုအခါ ကောင်လေးမှ စာအိတ် အဖြူလေး လှမ်းပေးရင်း
'' gomawol ငါသူ့ကို ဖြတ်ဖို့ခက်နေတာ Thanks''
'' ရပါတယ် "
မဲ့ပြုံးလေးပြုံးရင်း စာအိတ်လေးအား ဖွင့်ကြည့်ပြီးနောက်
